Brainless (KNU)

Views


မွန်ပြည်နယ်၊ကျိုက်ထိုမြိုနယ်၊ ဇီးပြောင်း ကျေးရွာရှိ အစိုးရကျောင်းရှိ ဆရာ၊ဆရာမများကို KNU+PDF များက ခြိမ်းခြောက်ပြီး နေရပ်ပြန်ခိုင်းတယ်။ ဆရာ၊ဆရာမမရှိတော့ ကျောင်းက ပိတ်ထားရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရှိရပါတယ်။

ဒီကျောင်းကို KNU က NUG ရဲ့ ခိုင်းစေမှုကြောင့် CDM ဆရာ၊ ဆရာမတွေနဲ့ NUG ကျောင်းအဖြစ် ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို သိရသည်။

ကျောင်းဖွင့်မယ်ဆိုတာ ဓာတ်ပုံရိုက်ရုံတော့ အဖွင့်ပြလို့ ရတာပေါ့။ တကယ်ပညာသင်ပေးမယ်ဆိုရင် အခြေခံ အကြောင်းအရင်းများစွာ ပြည့်စုံဖို့လိုတယ်။

- တတ်ကျွမ်းသည့် ဆရာ၊ဆရာမ တွေရှိရမယ်..

ဒီဆရာ၊ ဆရာမ တွေက သူတိုသင်ပေးရမယ့် သင်ရိုးကို နားလည်ပြီလား။ နစက သင်ရိုးလား? NUG သင်ရိုးလား? ဘယ်က စနစ်တကျနဲ့ပြုစုလေ့လာထားတဲ့ စနစ်လဲ?

NUG ကျောင်းဆိုရင်တော့ NUG သင်ရိုးရှိသင့်တာပေါ့၊ နစက သင်ရိုးကို ခိုးချမယ်ဆိုရင်တော့.😁😁

- သင်ထောက်ကူပစ္စည်း စုံလင်ရပါမယ်..

ဆရာ၊ဆရာမတွေသုံးရန် သင်ပုန်း၊ မြေဖြူ၊ white board၊ soft pen ၊ ဗလာစာအုပ်၊ သင်ရိုးစာအုပ် 

စသည့်ပစ္စည်းများ စုံလင်အောင် KNU၊ NUG က ဖြည့်ဆည်းပေးနိုင်မလား?

၁ လ ၂ လ အတွက် မဟုတ်ပါ၊ စာသင်နှစ်ကုန်အောင် ထောက်ပံ့ပေးနိုင်ပါ့မလား? 😁😁

- လစာ..

ဆရာ၊ဆရာမတွေက သူတို့နေထိုင်စားသောက်စရိတ်၊ လူမှုရေး၊ ကျန်းမာရေးအတွက် ငွေကြေးလို ပါတယ်၊ လစာလိုပါတယ်။ KNU၊ NUG က ပညာသင်နှစ်ကုန်သည်အထိ လစာပေးထားနိုင်ပါ့မလား? မထင်ပါ..

ပြီးတော့ ကလေးတွေရဲ့ လုံခြုံမှု

CDM ကိစ္စတုန်းက လေကြီးခဲ့သမျှ ဘာမှဖြစ်မလာတာ အားလုံးအသိပါ..😂😂

- ပညာသင်ကြားသူများအတွက် အာမခံချက်...

ပညာသင်ကြားသူတွေဟာ ကိုယ့်ကာယ၊ ဉာဏ စွမ်းအားကုန် ကြိုးစားသင်ပြီးမှတော့ ဘဝအတွက် အာမခံချက် သင်ယူတတ်မြောက်ကြောင်း ထောက်ခံစာလေးတော့ လိုချင်မှာပဲ။ တကယ် official ဖြစ်တဲ့ ထောက်ခံစာနော်..😁😁 ဖောရှော စာရွက်ဖြစ်ရုံပေးလိုက်တဲ့ ထောက်ခံစာတော့ လာမပေးနဲ့၊ အီးကုန်းလို့ပဲရမယ်..😜😜နိုင်ငံတကာကလဲ လက်ခံပြီး အလုပ်ပေးတာတို့ ၊ တစ်ဆင့်မြင့်ပညာရေး ဆက်တက်ဖို့ အာမခံချက်ရှိရမယ်

KNU က ပညာတတ်တွေ နိုင်ငံတကာက ကုမ္ပဏီတွေမှာ အခုထိ တစ်ယောက်တောင် မမြင်ဖူး မကြားဖူးသေး 😂😂😂

ဒီအချက်အကုန်လုံးကို KNU၊ NUG က ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ကြပါသလား? ဒါကြောင့် ခုဖွင့်ဖို့လုပ်နေတဲ့ ဇီးပြောင်းကျေးရွာက NUG ကျောင်းလဲ ဓာတ်ပုံရိုက်ပြီး ပြန်ပိတ်ထားရမည့် ဓာတ်ရှင်ကျောင်း ဖြစ်မည်လိုသာ ယူဆမိတော့သည်..😂😂တက်မဲ့ကလေးတွေ လဲ KNU ကိုကြောက်လို့သာ ခဏတစ်ဖြုတ် လာရတာပဲ ဖြစ်မှာပါ

လင်းနေ
#KT

Post a Comment

Previous Post Next Post