နိုင်ငံတော်ဝန်ကြီးချုပ်၏ (၁၈)လပြည့် မိန့်ခွန်း ပြောကြားမှုနှင့်ပတ်သက်၍ ကောက်နုတ်ချက်

Views



ငြိမ်းချမ်းရေးနဲ့ပတ်သက်၍ ဆောင်ရွက်နေမှု

(၁) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို (၂၁)ကြိမ် ထုတ်ပြန်ကြေငြာထား။ တာဝန်ယူနေသည့် (၁၈)လအတွင်း EAO များနှင့် တွေ့ဆုံမှု (၉)ကြိမ်၊ ညှိနှိင်းရေးကော်မတီ၊ နိုင်ငံရေးပါတီနဲ့ အခြားငြိမ်းချမ်းရေးလိုလားသည့် အဖွဲ့အစည်းများနှင့် (၇၅)ကြိမ်အထိ တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့။

(၂) ၂၀၂၂ ကို ငြိမ်ချမ်းရေးနှစ်အဖြစ်သတ်မှတ်ထား။ ၂၀၂၂ ၊ ဧပြီ ၂၂ ရက်မှ စတင်၍ ငြိမ်ချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး NCA  အဖွဲ့ထဲမှ ၇ ဖွဲ့၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့ (၃)ဖွဲ့တို့နှင့် ငြိမ်ချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့။ ပြည်ထောင်စုသဘောတူစာချုပ်ပါ အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်တွေနဲ့ ဇယား(၂)ပါ အချက်များကို ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိ၍ လက်မှတ်ရေးထိုးနိုင်ခဲ့။ ကျန်ရှိနေသေးတဲ့ အဖွဲ့များကိုလည်း ဇွန် ၁၄ ရက်နေ့မှာ ထပ်မံကမ်းလှမ်းဖိတ်ခေါ်ထား။ 


(၁၈)လတာကာလအတွင်း အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့မှု

(၃) တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲ့အစည်းများက ၁၈ လ တာ ကာလအတွင်း(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ အထိ) တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှိခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့။ ရဟန်း/သံဃာ/သီလရှင်များ၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၃,၄၈၃ ဦး သေဆုံး ခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့။ 


အကြမ်းဖက်မှု အများဆုံးဖြစ်ပွားခဲ့သည့် နေရာနှင့်အကြိမ်အရေအတွက်

(၄)  စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်  ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင်  ၂,၁၉၄ ကြိမ်နှင့်  မကွေးတိုင်းဒေသကြီးတွင်  ၁,၃၉၅ ကြိမ် ဖြစ်ပွားခဲ့။ 


(၁၈)လတာကာလအတွင်းဖမ်းဆီးရမိခဲ့သည့် လက်နက်/ခဲယမ်းများနှင့် လူအရေအတွက် 

(၅)  လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်၊ လက်ပစ်ဗုံး/မိုင်း ၁၁၇၁၅ နှင့် အကြမ်းဖက်သမား ၆၂၃၆ ဦးတို့အား ဖမ်းဆီးရမိခဲ့။ 


အာဆီယံ နှင့်ပတ်သက်၍  ဆောင်ရွက်သွားမည့် မူဝါဒ

(၆)  ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံအနေနဲ့ ASEAN WAY, ASEAN PRITICE, ASEAN SPRIT  တို့နဲ့သာ ဆက်လက်ဆောင်ရွက်သွားမည်။ ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားမည်။ နိုင်ငံအနေနဲ့ မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၃ ရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်သွားမည်။


စီးပွားရေးဆိုင်ရာ ဆောင်ရွက်သွားမည့် မူဝါဒ

(၇) အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့စိစစ်သုံးစွဲလျက်ရှိတဲ့ ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံထဲကနေ  ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး ဆောင်ရွက်ပေးသွားမည်။ 

(၈) အမြန်အကျိုးရလဒ်ဖြစ်စေမဲ့(Quick Win)လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေးဆောင်ရွက်သွားမည်။ နွေစပါး နဲ့ ဆောင်းသီးနှံများအနက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းစိုက်ပျိုးရေး၊ ကြက်၊ ဝက်၊ ငါး/ပုဇွန် မွေးမြူရေးနဲ့ တစ်သီးချင်း၊ တစ်သုတ်ချင်း ငွေကြေးစိုက်ထုတ်ပေးပြီး ဆောင်ရွက်သွားမည်။ ဒုတိယဦးစားပေးက အဲ့ဒီထွက်ကုန်တွေကို  ကုန်ချောဆောင်ရွက်ပေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အဆင့်မြှင့်တင်ဖို့၊ SME မှာ အကျုံးဝင်မဲ့စက်ရုံတွေကို တည်ထောင်ရေးတွေကို  ထောက်ပံ့ဆောင်ရွက်သွားမည်။ 

(၉) နစက လက်ထက် ကုန်သွယ်မှု ပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဒ ၁၄ ဘီလီယံ ရရှိခဲ့။ ပြည်တွင်းဆီစားသုံးမှုဖူလုံစေဖို့ နေရာဒေသမရွေး စိုက်ပျိုးနိုင်တဲ့ စားသုံးဆီထုတ်လုပ်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့ ၁ ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့်ရရှိတဲ့ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးဖိုဆောင်ရွက်သွားမည်။ စက်မှုသုံးဆီက လျော့ချမှုမဖြစ်နိုင်သဖြင့်  စားသုံးနှုန်းများပြားနေတဲ့ စားသုံးဆီကိုတော့ အတတ်နိုင်ဆုံး လျော့ချသုံးစွဲဖို့ တိုက် တွန်း။ 


ဓာတ်အားပေးစနစ်နှင့်ပတ်သက်၍ ရှင်းလင်းချက်

(၁၀) နိုင်ငံတွင်း  သဘာဝဓာတ်ငွေ့လုံလောက်စွာမရရှိခြင်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြုပြင်နေရခြင်း၊ မဟာလျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းတိုကြောင့် လိုအပ်တဲ့လျှပ်စစ် ဓာတ်အားကို အပြည့်အဝမရရှိခဲ့။ လက်ရှိ နိုင်ငံတွင်း ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ ဒီဇယ်ဓာတ်အားပေးစက် ၆၁၀ လုံးနှင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ၂ ရုံတိုမှ  ၇၁၂၁ မဂ္ဂါဝပ်ကို ဓာတ်အား ထုတ်လုပ် ပေးလျက်ရှိ။


လူမှုရေးကိစ္စ ဆောင်ရွက်နေမှုများ

(၁၁) သံဃာတော် ၅၂ ပါးနဲ့ သီလရှင် ၁ ပါးတို အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ၉ ပါးဒဏ်ရာရရှိခဲ့ကာ ၈ ပါး ပျောက်ဆုံးခဲ့။ ဒီမိုကရေစီအစိုးရ(ဒုတိယသက်တမ်း)ကာလ၌  အခြေခံပညာကျောင်း သင်ခန်းစာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသော သင်ခန်းစာများ ထည့်သွင်းသင်ကြားစေခဲ့သဖြင့် ဆရာ၊ ဆရာမများအပေါ်  လေးစားရိုသေမှုများ ပပျောက်ခဲ့သဖြင့်  ပညာရေးဝန်ထမ်း ၄၇ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရနဲ့ ပျောက်ဆုံး ၂၅ ဦး၊ စုစုပေါင်း ၉၃ ဦးရှိခဲ့။ သံဃာတော်များနှင့် ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရမှုများတွင်  စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးမှာ အများဆုံးဖြစ်။ 

(၁၂) သက်ဆိုင်ရာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို  စောင့်ထိန်းလိုစိတ်တွေ ချိုတဲ့မှုအား ကုစားရန် (၂၃)ကြိမ်မြောက် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်သွားမည်။ 

(၁၃) နစက  တာဝန်ယူစဉ် ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်းမြန်မာငွေကျပ် ၁,၅၄၆,၇၀၅.၆၃၆၅ သန်း(USD ၈၃၆.၀၆ သန်း)ကျော် ဖမ်းဆီးရမိခဲ့။ အများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်။ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ယူ၊ ရောင်းချမှုတွေ လုံးဝမရှိသည့် အထိ ရှာဖွေ၊ ဖော်ထုတ်၊ နှိမ်နင်းသွားမည်။ 


ပညာရေးဆိုင်ရာ တင်ပြချက်

(၁၄) အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၃၉,၂၄၂ ကျောင်းဖွင့်လှစ် နိုင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း ၄,၂၂၅,၈၈၇ ဦး တက်ရောက်ခဲ့။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၈၁,၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂၃,၈၇၇ ဦး(၄၆ ဒသမ ၈၈)ရာခိုင်နှုန်း အောင်မြင်ခဲ့။ 

(၁၅) ကျေးလက်စီးပွားရေးနှင့် SME များတွင် အထောက်အကူရရှိနိုင်စေရန် လာမယ့်ပညာသင်နှစ် တွင် ပထမအဆင့် ခရိုင် ၅၀ ၌ အထက်တန်း ကျောင်း ၁ ကျောင်းစီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုပညာရပ်များ တွဲဖက်သင်ကြား ပေးမည်။ 


ကိုဗစ်ဆိုင်ရာတင်ပြချက်

(၁၆) ၂၀၂၀ ၊ မတ်လ ၂၃ ရက်နေ့မှ ၂၀၂၂ ၊ ဇူလိုင် ၃၀ ရက်အထိ ပိုးတွေ့လူနာ ၆၁၄,၀၈၃ ဦးရှိခဲ့။ ဇူလိုင် (၂၃) ရက်နေ့အထိ ၃၅,၉၈၁,၅၃၅ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးပြီးဖြစ်။ ကာကွယ်ဆေးဝယ်ယူမှုနှင့် လှူဒါန်းမှု စုစုပေါင်း ၇၆ သန်းကျော် Doses ရရှိပြီးဖြစ်ကာ  ကာကွယ်ဆေးထုတ်လုပ်မှုမှာ  ၄,၀၉၁,၆၂၅ Doses  ထုတ်လုပ်ခဲ့ပြီးဖြစ်။ 


အားကစားဆိုင်ရာ တင်ပြချက်

(၁၇) (၃၁)ကြိမ်မြောက် ဆီးဂိမ်းအား အားကစားသမား ၂၈၇ ဦး၊ အားကစားနည်း ၂၀ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ၆၂ ခုရရှိခဲ့။  အကြိမ်(၃၀)မြောက်ပြိုင်ပွဲထက် ၂ ဒသမ ၂၅ ဆ ပိုမိုအောင်မြင်ခဲ့ ။ 

(၁၈) နိုင်ငံတွင်း စိုက်ပျိုးဧက ပေါင်း ၃၃ သန်း ရှိပြီး လူတစ်ဦး၏  ၁ နှစ် ဆန်စား သုံးမှုသည် ၁၅၅ ကီလို ဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိသည့် အတွက် ဖူလုံပိုလျှံမှု ရှိ။ 


ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ

(၁၉)  ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ကာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖည်သွားမယ့်လုပ်ဆောင်ချက်များ မလုပ်ဆောင်ဖို့လိုအပ်။ ရွေးကောက်ပွဲသည်  တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်။ 


ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက်တာဝန်ယူဆောင်ရွက်မည့် အခြေအနေ

(၂၀) ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေ အမြန်ဆုံးတည်ငြိမ်ဖို ပြည်သူ့လုံခြုံရေးစနစ်ကို  မြှင့်တင်ဆောင်ရွက် သွားမည်။ 

(၂၁) ဖမ်းဆီးရမိသော  လက်နက်၊ ခဲယမ်း မီးကျောက်အချို့သည်  KIA  ထုတ် လက်နက်များ၊ KNU လှုပ်ရှားရာ မြန်မာ-ထိုင်း နယ်စပ်ဒေသများက ဝင်ရောက်လာသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင်လက်နက် ထုတ်လုပ်၊ ဝယ်ယူ၊ သယ်ပိုခြင်း များမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်။ 


နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်မှုအခြေအနေ

(၂၂) နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ် ပေးရန်  အကျုံးဝင်သူ ၃ ဒသမ ၄ သန်းကို ပန်းခင်းစီမံချက်ဖြင့်  ၂၀၂၁ ခုနှစ်၊ မေလ      ၃ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ   ၃ ဒသမ ၃ သန်းခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်။  လိုအပ်သော (၁ ဒ ၇ သန်းကျော်)ကို ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆက်လက် လုပ်ဆောင်ပေးသွားမည်။

(၂၃) မိမိ နိုင်ငံအတွင်း နိုင်ငံရေးအယူဝါဒကို ကိုယ်စားပြုတဲ့ပါတီများ၊ ဒေသကိုကိုယ်စားပြုတဲ့ပါတီများနှင့် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုသောပါတီများရှိသဖြင့် နိုင်သူအကုန်ယူ(FPTP)စနစ်အစား အချိုးကျကိုယ်စားပြု စနစ်(PR-Proportional Representation)ကို အသုံးပြုသွားမည်ဖြစ်။ 

(၂၄) ဆွေးနွေးပြီး EAOs များနှင့် ဒုတိယ အကျော့ ထပ်မံ ဆွေးနွေးသွားမည်။ ကျန်ရှိသော အဖွဲ များအနေဖြင့်လည်း တရားဝင်နိုင်ငံရေးစင်မြင့်သို့  ရဲရဲလျှောက်လှမ်းလာကြရန်နှင့် တံခါးကျယ်ကျယ်ဖွင့်ထားကြောင်း တိုက်တွန်း။ ပြည့်အင်အားသည် ပြည်တွင်းမှာရှိသည်ဆိုသည့်အတိုင်း အတူတကွ ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အစိုးရအနေဖြင့်  “ရှေ့သိုလှမ်းမည်၊ ပန်းတိုင်ဆီ”(Keep Moving Forward to Achieve Our Goal)ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုကာ ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့်  လူမှုစီးပွားဘဝများကို တည်ဆောက်ပေးသွားမည်။



#ဖိုးစီ
#KT

Post a Comment

Previous Post Next Post