လောင်းလုံထားဝယ်သား ပဒက် PTF ယုတ်မာချက်

Views

နားကပ်ချွတ်ယူပြီး လက်ကိုကြိုးဖြင့်တုတ်ကာ ရေထဲပစ်ချခဲ့သည့် တရားခံကို ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူတရားခံမှာ မြတ်သူအောင်(ခ)နေထက်လင်း (လောင်းလုံPTF)ဆိုသူဖြစ်ပြီး ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ၎င်း၏ရည်းစားဖြစ်သူ ထားဝယ်တက္ကသိုလ် ပထမနှစ်ကျောင်းသူ မ....နှင့် ကမြောကင်း တံတားပေါ်၌ ချိန်းတွေ့ကြစဥ် အသင့်ပါလာသောဓားဖြင့်ထောက်ကာ နားကပ်ကိုချွတ်ယူ၍ ဖုန်းအားသွင်းကြိုးဖြင့် လက်ကိုတုတ်ပြီး မြစ်ထဲသို ပစ်ချခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်အတွင်း မြစ်အတွင်းပစ်ချခံရသည် ကျောင်းသူအမျိုးသမီးကို ရေလုပ်သားများမှတွေ့ရှိ၍ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး တရားခံ မြတ်သူအောင်(ခ)နေထက်လင်း ကို ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#KT

Post a Comment

Previous Post Next Post