PDF ဆိုတာ

Views

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်သည်။ ဆန္ဒပြလူအုပ်ကြီးမှာ တစ်ရက်ထက် တစ်ရက် များပြားလာလျက် ရှိသည်။ Covid-၁၉ ကာလ အပြင်မထွက်ရလို့လားမသိ၊ အတိုးချပြီး အပြင်ထွက်ကြသလိုပဲဖြစ်သည်။ Mask တပ်သူ၊ မတပ်သူများ ရောထွေးလျက်ရှိသည်။ အဓိက အလုပ်ဖြစ်နေသူများမှာ ရေသန့်ရောင်းသူများဖြစ်သည်။ တချို့လူငယ် များအနေဖြင့် Fashion ပွဲတစ်ပွဲအလား ဝတ်စားသွားသူများလည်း ရှိသည်။ အစပိုင်းရက်များတွင်တော့ လူပေါင်းစုံနီးပါးပါဝင်ပြသော်လည်း မတ်လလောက်တွင် ၁၀၉၊ ၁၁၀ တွေသာ ကျန်တော့သည်။


NUG ဆိုတာကြီး ပေါ်ပေါက်လာပြီး PDF ဆိုတဲ့ အကြမ်းဖက်တပ်တစ်ခု မရမက စတင်ဖွဲ့ခဲ့သည်။ သို့သော် လူကမရှိသေး။ ခေါင်းကြီး ရည်မွန် တို့ အကြံစထုတ်သည်။ တပ်က ဆန္ဒပြသည့်လူများအား ဖမ်းသည်၊ ဘာညာဆိုပြီး ဝါဒများဖြန့်သည်။ အယုံလွယ်သောလူငယ်များ၊ မိဘအုပ်ထိန်းမှုမရှိသူများက ကြောက်ကြောက် လန့်လန့်နှင့် EAO နယ်မြေများသို့ ရောက်ကုန်ကြသည်။ ဘာမှန်းညာမှန်းမသိ ပဒက်တွေ ဖြစ်ကုန်ကြသည်။

ယခုကြည့်ပါ..ပညာတတ်လူတန်းစားများ သူ့အလုပ် သူပြန်လုပ်နေပြီ။ Social Punishment ကိုကြောက်၍ CDM လုပ်သောဝန်ထမ်းများလည်း အလုပ်များပြန်လုပ်နေကြပြီ။ လူငယ်များလည်း Facebook တွင် လက်သုံးချောင်းတောင် မထောင်တော့၊ Profile များ ပိတ်ကုန်ကြပြီ။ ကျောင်းများတက်ပြီး ဆေးရုံများတွင် ယခင်ကဲ့သို ပြန်ဖြစ်ကုန်ပြီ။ Covid ကြောင့် တစ်ကမ္ဘာလုံးနီးပါး ယိမ်းယိုင်နေသော စီးပွားရေးအား ပြန်လည်တိုးတက်အောင် ဆောင်ရွက်ဖို့ပင် ကျန်သည်။

အဓိက ပြောချင်သည်မှာ ယခု တောထဲတွင် ရောက်ရှိနေသည့် ပဒက်လေးတွေ ဖြစ်သည်။ နိုင်ငံရေး ခံယူချက်က မရှိ။ လမ်းပျောက်နေသောလူတွေသာ ပဒက် လောကထဲ ကျန်တော့သည်။ မီဒီယာများတွင် ဖော်ပြနေ သည့် Video File များတွင် ကြည့်ရှုကြည့်ပါကလည်း သိနိုင်သည်။ စကားပြောပုံ၊ သူတို့၏လှုပ်ရှားမှု၊ ဝတ်စားမှုများ ကြည့်လိုက်ကတည်းက မိဘ၏ထိန်းချုပ်မှုမရှိ၊ ဆရာများ၏ ဆုံးမမှုကလည်းမရှိ၊ ဘာသာရေးဆိုသည်မှာ ဝေလာဝေး၊ မိုက်ရိုင်းဆိုးသွမ်းသောလူငယ်များကိုသာ တွေ့ရမည်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် ခြင်/ယင်များကိုတောင် သတ်ဖို့ အတော်ဝန်လေးကြသည်။ အခုတော့ ပဒက် လေးတွေက လူတစ်ဦးကို လွယ်လင့်တကူ သတ်ဖြတ်နေကြသည်။ ပညာတတ်လူတန်းစားများအနေဖြင့် ရန်ဖြစ်လျှင် လက်ပါဖို့ အတော်ဝန်လေးကြသည်။ ဒါတွေကို ကြည့်ရှုခြင်းအားဖြင့် ပဒက်တို့၏ လူတန်းစားနှင့် အခြေခံစိတ်ဓာတ်ကို သိရှိနိုင်မည်ဖြစ်သည်။ ပြီးတော့ ကျွန်တော့်အတွေ့အကြုံအရ တိုင်းရင်းသားအများစု (အဓိက ကရင်၊ ကယား၊ ကရင်) တို့မှာ ဘာသာတရားဆုံးမမှုနည်းပါးပြီး ယဉ်ကျေးမှုမရှိသောသူများ ဖြစ်ကြသည်။ ထိုကြောင့် ပဒက်များနှင့် သူတို့ပေါင်းမိသွားတော့ ဘယ်လောက်တောင် ဆိုးသွမ်းသွားကြမလဲ ဆိုတာ စဉ်းစားကြည့်ခြင်းဖြင့် ကြောက်မိလာသည်။

ထို့အပြင် ပဒက်မလေးများကိုကြည့်ပြီး သူတို့အပေါ် သနားစိတ်တောင် ဝင်မိသည်။ တော်တော်များများက သူတို့၏ရည်စားများ အဆွယ်ကောင်းမှုကတစ်ကြောင်း၊ အလုပ်အကိုင်မယ်မယ်ရရ မရှိသဖြင့် နယ်စပ်တွင် အလုပ်သွားလုပ်ရာမှ ပဒက်ဖြစ်မှန်းမသိ ဖြစ်သွားသူက များသည်။ တရုတ်ကားများ၊ ဟော်လီးဝုဒ်ကားများ ကြည့်ပြီး ဂျက်မလို ဖြစ်သွားသူက မရှိ၊ ဂျပန်ကားများထဲကလို ကီမုချိ ဖြစ်သွားသူက များသည်။ အခုတစ်လော ပျံ့နှံနေသည့် ကော်သူလေး Army ၏ God Father များဖြစ်သည့် နယ်ဒါးမြ၊ စောစလုံး၊ တာပေါ တို့၏ တဏှာရှုးဇာတ်လမ်းများက အမှန်ပင် ဖြစ်သည်။ ထိုအထဲတွင် ဘဝပျက်နေသည့် ပဒက်မများ မနည်းတော့ပေ။ ရင်နာဖို့လည်း ကောင်းလှသည်။

ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ လူငယ်များအနေဖြင့် လွတ်လပ်ပါသည်ဆိုသည့် တက္ကသိုလ်ကျောင်းသားဘဝ များ၊ အချုပ်အနှောင်မရှိ၊ လက်လုပ်လက်စားဘဝသမားများအနေနှင့်လည်း လွတ်လပ်မှုကိုရှာဖွေပြီး နေလာတာဖြစ်ပြီး တောထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲ၊ EAO များ၏အနိုင်ကျင့်ခံရမှုများနှင့် တိုက်ပွဲများကြားထဲတွင် ဘာကြောင့်နေကြတာလဲဟု စဉ်းစားကြည့်ပါ။ အဖြေကတော့ EAO များအနေဖြင့် သူတို့ကို အကြောက်တရားနှင့် ထိန်းချုပ် ထားသည်ကလွဲပြီး ဘာမှမရှိပါ။ ဆိုတော့ကား ယခု ပဒက် လောကထဲတွင်ရှိနေသည့်လူများအနေဖြင့် EAO များကို ဆန့်ကျင်ပြီး လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ယဉ်ကျေးမှုမရှိ၊ ဆုံးမမှုမရှိသည့် သူတို့၏လောကထဲတွင် နေထိုင်ပြီး မိဘပြည်သူများအား ဆက်လက်ဒုက္ခပေးနေမည် ဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို၏သား/သမီး များအား ပဒက်များ၏စကားတွေကို နားမယောင်စေဘဲ ဗုဒ္ဓဘာသာဝင်ပီပီ ဘာသာတရားနှင့် ဆုံးမမှုကို နာခံစေရေး ထိန်းကျောင်းပေးပါလို့....

လင်းနေ
#KT

Post a Comment

Previous Post Next Post