NUG ရဲ့ တစ်ရာသီမခံတဲ့ တော်လှန်ရေး

Views

ယနေ့ ငယ်ရွယ်သူလူငယ်အချို့ဟာ ၂၀၂၁ ဖေဖော်ဝါရီလမှာ တပ်မတော် အာဏာထိန်းတာကို မကျေနပ်ရာမှအစပြုပြီး အသီးသီးတောခိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်...

ဒီလိုတောခိုတဲ့ လူငယ်တွေအများစုဟာတက်ကြွတဲ့ စိတ်ဓာတ်ပိုင်ရှင်များဖြစ်ကြပြီး သူတို့ရဲ့မခံချင်စိတ်ကို နိုင်ငံရေးသမားအချို့နဲ့လက်နက်ကိုင်အချို့က ကောင်းကောင်းအသုံးချလာကြပါတယ် ..

ယနေ့ဆိုရင် အဆိုပါ တောခိုလူငယ်တွေကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများနဲ့ လက်နက်ကိုင်အဖွဲ့အချို့ကအကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ စစ်သင်တန်းတွေပေးခဲ့ကြသလို လက်နက်အချို့ကိုတပ်ဆင်ပေးခဲ့ကြပါတယ်...

ဒီလိုလက်နက်တွေတပ်ဆင်ပေးတဲ့ လူငယ်တွေဟာ လူအင်အား နဲ့ လက်နက်အင်အား မလုံလောက်တော့ တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲတိုင်း သေကြေကုန်ကြပါတယ်...

ဒီအကွက်ကို လုပ်စားနိုင်ငံရေးသမားများနဲ့ ဖွဲ့ထားတဲ့ NUG အဖွဲ့နှင့် ပြည်ပရောက် ပြည်ပြေးအဖွဲ့တွေပေါင်းပြီးလက်နက်၀ယ်ယူတပ်ဆင်ပေးရန်အတွက်ဟုခေါင်းစဉ်တပ်ကာ အလှူငွေကောက်ခံခြင်းများ တွင်တွင်ကျယ်ကျယ် လုပ်လာကြပါတယ်

တကယ်ကော ရရှိလာတဲ့အလှူငွေတွေ PDFအဖွဲ့ဆီ ပြည့်ပြည့်၀၀ရောက်သလား ..?

မရောက်ဘူးလို့ဘဲဖြေရပါမယ် ...

တကယ်လည်း မရောက်ပါဘူး ဒီလိုမရောက်လို့လည်း တောထဲက PDFတွေဟာ Social Media တွေပါ ငတ်ပြတ်နေကြောင်း ဒုက္ခရောက်နေကြောင်းတွေကို Live လွှင့်ပြီး အလှူငွေတွေမရကြောင်း တုံ့ပြန်ခဲ့ကြပါတယ်

ဒါဆိုရင် ဒီငွေတွေ ဘယ်ရောက်သွားလဲ ..?

အလှူငွေဘယ်ရောက်သွားလည်း ဆိုတော့ အလှူခံတဲ့ NUGနဲ့ ပြည်ပြေးအဖွဲ့တွေဆီမှာပဲရှိသလို  ကုန်ချင်လည်းကုန်သွားလောက်ပါပြီ...

NUGနဲ့ပြည်ပြေးလော်ဘီတွေပေါင်းပြီး နိုင်ငံခြားမှာ ၎င်းတို့ရဲ့ သား သမီးတွေကို ကျောင်းကောင်းကောင်းထား၊ မိသားစုအတွက် အိမ်ကြီးကြီးဝယ်၊ အလှူခံလို့ရတဲ့ငွေကို  မိဘဆီက အမွေရသလို ပျော်ပျော်ရွှင်ရွှင် သုံးဖြုန်းနေကြတာပါ ...

ဒါတွေကို တောထဲက PDFတွေမသိဘဲ လက်နက်တွေဝယ်ပေးလိမ့်နိုးနိုးနဲ့ စောင့်နေခဲ့တာ တော်လှန်ရေးသာ တစ်နှစ်ပြည့်သွားတယ် ဘာမှဖြစ်ဖြစ် မြောက်မြောက်မထောက်ပံ့မှုမရခဲ့ကြပါဘူး...

ယခုဆိုလျှင် PDFအဖွဲ့ထဲမှ ဉာဏ်ရည်မြင့်တဲ့လူငယ်အချို့ဟာ NUGရဲ့ သဘောထား အမှန်တွေကို သိရှိလာပြီး အလင်း၀င်လာကြတာဟာ ဆိုရင် ၂၅၀ကျော်ရှိသွားပါပြီ...

တောထဲမှာ ကျန်ရှိနေတဲ့ PDFတွေအနေနဲ့  မိမိတို့ဘဝဟာ NUG နဲ့ ပြည်ပြေးတွေရဲ့ အသုံးချခံဘဝရောက်နေပြီလားဆိုတာ ပြန်လည်ဆန်းစစ်ကြပါလို့အကြံပြု ပြောကြားလိုက်ပါရစေ...

#KT

====




























Post a Comment

Previous Post Next Post