KNU/KNLA ဘာလုပ်မလဲ?

Views


(Unicode)

KNU အဖွဲ့ဟာ ၁၅-၁၀-၂၀၁၅ ရက်နေ့မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ လက်ရှိ KNU ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အဖွဲ့ ၃ ဖွဲ့ကွဲ နေတာကို တွေ့ရတယ် -

- NCA အတိုင်းဆက်လက် ဖော်ဆောင်သွားမယ့်အဖွဲ့၊ 

- NUG အကြမ်းဖက်နဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့အဖွဲ့၊ 

- အားသာတဲ့ဖက်ကို လိုက်ပါဆောင်ရွက်သွားနိုင်တဲ့ အဖွဲ့ဆိုပြီး ၃ ဖွဲ့ရှိတယ်။

KNU ရဲ့ ဥက္ကဌ စောမူတူးစေးဖိုးကတော့ NCA အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့၊ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် လက်အောက်ကအဖွဲ့တွေက အနောက်နိုင်ငံနဲ့ NUG ရဲ့ ထောက်ပံ့နေတဲ့ ငွေကြေးတွေကိုမက်မောမှုတွေကြောင့် ယခုကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရခြင်းဖြစ်ပါတယ်။

တိုက်ပွဲပြန်လည်ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ PDF အကြမ်းဖက်တွေကို လက်ခံထားလို့ ဖြစ်တယ်၊ တပ်မတော်အနေနဲ့ PDF အကြမ်းဖက်တွေကို နယ်မြေဝင်ရောက်ရှင်းလင်းတဲ့အခါမှာ NCA ကိုလိုက်နာပြီး  KNU က ခေါင်းဆောင်ပိုင်းတွေကို ဆက်သွယ်အကြောင်းကြားကာ KNU ခေါင်းဆောင်ပိုင်းတွေက လက်ခံလို့ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်တယ်၊ 

အဲ့ဒီလိုနယ်မြေရှင်းလင်းတဲ့အခါမှာ အနောက်နိုင်ငံနဲ့ NUG ရဲ့ ထောက်ပံ့မှုတွေကို လက်ခံထားတဲ့အဖွဲ့တွေက စတင်ပစ်ခတ်ခဲ့လို့ ယခုလိုတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်၊ 

တိုက်ပွဲတရားခံနယ်ဒါးမြဟာလည်း KNU ဗဟိုအဖွဲ့က အူးဟူချောင်းတံတားက ဆောက်လုပ်ရေး လုပ်သား (၂၅)ယောက်ကို ရက်ရက်စက်စက်သတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့က အပြီးအပိုင်ထုတ်ပယ်ပြီး ဖြစ်ပါတယ်၊ ဒါ့အပြင် နယ်ဒါးမြက PDF အကြမ်းဖက်၊ KNDO က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကော်သူးလေ Army ဖွဲ့စည်းခဲ့ပါသေးတယ်၊ နယ်ဒါးမြကို ကြည့်မယ်ဆိုရင် ကရင်ခေါင်းဆောင် စောဘိုမြရဲ့သားဆိုပြီး အနောက်နိုင်ငံတွေနဲ့ ပြည်ပြေးအချို့က မြှောက်ပေးလိုက်တော့ မြင်းကိုဂျိုတပ်ပေးသလို ဖြစ်သွားတယ်။ နယ်ဒါးမြရဲ့ စစ်ရေးသမိုင်းကြောင်း လောက်လောက်လားလား မရှိပါဘူး။ 

ပြီးတော့ လမ်းမှားလိုက်နေတဲ့ ဗမာလူရွယ်လေးတွေကို ရှေ့တန်းကျကျ အသေခံတိုက်ခိုင်းပြီး သူတို့ကျတော့ ဆီဦး ထောပတ်နဲ့ ဇိမ်ခံနေပြီး အလှူခံငွေတွေ၊ ထောက်ပံ့ကြေးတွေကို လက်ဝါးကြီးအုပ်ထားတယ်။ ဒါကြောင့် နယ်ဒါးမြက အကြမ်းဖက်အဖွဲ့တွေ့နဲ့ပူးပေါင်းပြီး တရားမဝင်အဖွဲ့ ဖွဲ့စည်းထားတာကြောင့် ၎င်းအဖွဲ့ကို တပ်မတော်က ဘယ်တော့မှ လက်ခံဆွေးနွေးသွား မှာမဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။

ယခုလိုတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပေမယ့် တပ်မတော်အနေနဲ့ကတော့ NCA အတိုင်းလိုက်နာ ဆောင် ရွက်ပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိပြီးတော့ NCA က ဆက်လက် အသက်ဝင်နေဦးမလားဆိုတာကတော့ KNU/KNLA ခေါင်းဆောင်ပိုင်းတွေရဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပါတယ်ဆိုတာ ပြောပြချင်ပါတယ်။
#KT

======
(Zawgyi)

KNU အဖြဲ႕ဟာ ၄-၉-၂၀၁၂ ရက္ေန႔မွာ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္၊ လက္ရွိ KNU ၏ ေခါင္းေဆာင္မႈ အခန္းက႑တြင္ အဖြဲ႕ ၃ ဖြဲ႕ကြဲ ေနတာကို ေတြ႕ရတယ္ -

- NCA အတိုင္းဆက္လက္ ေဖာ္ေဆာင္သြားမယ့္အဖြဲ႕၊ 

- NUG အၾကမ္းဖက္နဲ႔ ပူးေပါင္းေဆာင္ရြက္ခ်င္တဲ့အဖြဲ႕၊ 

- အားသာတဲ့ဖက္ကို လိုက္ပါေဆာင္ရြက္သြားနိုင္တဲ့ အဖြဲ႕ဆိုၿပီး ၃ ဖြဲ႕ရွိတယ္။

KNU ရဲ့ ဥကၠဌ ေစာမူတူးေစးဖိုးကေတာ့ NCA အတိုင္း ဆက္လက္ေဆာင္ရြက္သြားဖို႔၊ နိုင္ငံေရးျပႆနာေတြကို စားပြဲဝိုင္းမွာပဲ ေျဖရွင္းေဆာင္ရြက္ခ်င္တဲ့ ဆႏၵရွိပါတယ္။ ဒါေပမယ့္ လက္ေအာက္ကအဖြဲ႕ေတြက အေနာက္နိုင္ငံနဲ႔ NUG ရဲ့ ေထာက္ပံ့ေနတဲ့ ေငြေၾကးေတြကိုမက္ေမာမႈေတြေၾကာင့္ ယခုကရင္ျပည္နယ္မွာ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနရျခင္းျဖစ္ပါတယ္။

တိုက္ပြဲျပန္လည္ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကေတာ့ PDF အၾကမ္းဖက္ေတြကို လက္ခံထားလို႔ ျဖစ္တယ္၊ တပ္မေတာ္အေနနဲ႔ PDF အၾကမ္းဖက္ေတြကို နယ္ေျမဝင္ေရာက္ရွင္းလင္းတဲ့အခါမွာ NCA ကိုလိုက္နာၿပီး  KNU က ေခါင္းေဆာင္ပိုင္းေတြကို ဆက္သြယ္အေၾကာင္းၾကားကာ KNU ေခါင္းေဆာင္ပိုင္းေတြက လက္ခံလို႔ နယ္ေျမရွင္းလင္းေရး ဆက္လက္ေဆာင္ရြက္ခဲ့တာျဖစ္တယ္၊ 

အဲ့ဒီလိုနယ္ေျမရွင္းလင္းတဲ့အခါမွာ အေနာက္နိုင္ငံနဲ႔ NUG ရဲ့ ေထာက္ပံ့မႈေတြကို လက္ခံထားတဲ့အဖြဲ႕ေတြက စတင္ပစ္ခတ္ခဲ့လို႔ ယခုလိုတိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလာရျခင္း ျဖစ္ပါတယ္၊ 

တိုက္ပြဲတရားခံနယ္ဒါးျမဟာလည္း KNU ဗဟိုအဖြဲ႕က အူးဟူေခ်ာင္းတံတားက ေဆာက္လုပ္ေရး လုပ္သား (၂၅)ေယာက္ကို ရက္ရက္စက္စက္သတ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အဖြဲ႕က အၿပီးအပိုင္ထုတ္ပယ္ၿပီး ျဖစ္ပါတယ္၊ ဒါ့အျပင္ နယ္ဒါးျမက PDF အၾကမ္းဖက္၊ KNDO က အဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး ေကာ္သူးေလ Army ဖြဲ႕စည္းခဲ့ပါေသးတယ္၊ နယ္ဒါးျမကို ၾကည့္မယ္ဆိုရင္ ကရင္ေခါင္းေဆာင္ ေစာဘိုျမရဲ့သားဆိုၿပီး အေနာက္နိုင္ငံေတြနဲ႔ ျပည္ေျပးအခ်ိဳ႕က ေျမႇာက္ေပးလိုက္ေတာ့ ျမင္းကိုဂ်ိဳတပ္ေပးသလို ျဖစ္သြားတယ္။ နယ္ဒါးျမရဲ့ စစ္ေရးသမိုင္းေၾကာင္း ေလာက္ေလာက္လားလား မရွိပါဘူး။ 

ၿပီးေတာ့ လမ္းမွားလိုက္ေနတဲ့ ဗမာလူရြယ္ေလးေတြကို ေရွ႕တန္းက်က် အေသခံတိုက္ခိုင္းၿပီး သူတို႔က်ေတာ့ ဆီဦး ေထာပတ္နဲ႔ ဇိမ္ခံေနၿပီး အလႉခံေငြေတြ၊ ေထာက္ပံ့ေၾကးေတြကို လက္ဝါးႀကီးအုပ္ထားတယ္။ ဒါေၾကာင့္ နယ္ဒါးျမက အၾကမ္းဖက္အဖြဲ႕ေတြ႕နဲ႔ပူးေပါင္းၿပီး တရားမဝင္အဖြဲ႕ ဖြဲ႕စည္းထားတာေၾကာင့္ ၎အဖြဲ႕ကို တပ္မေတာ္က ဘယ္ေတာ့မွ လက္ခံေဆြးေႏြးသြား မွာမဟုတ္ဘူးဆိုတာ ေသခ်ာသေလာက္ပါပဲ။

ယခုလိုတိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနေပမယ့္ တပ္မေတာ္အေနနဲ႔ကေတာ့ NCA အတိုင္းလိုက္နာ ေဆာင္ ရြက္ၿပီး ထိန္းထိန္းသိမ္းသိမ္းေဆာင္ရြက္လ်က္ရွိၿပီးေတာ့ NCA က ဆက္လက္ အသက္ဝင္ေနဦးမလားဆိုတာကေတာ့ KNU/KNLA ေခါင္းေဆာင္ပိုင္းေတြရဲ့ လက္ေတြ႕က်တဲ့ လုပ္ေဆာင္မႈအေပၚမွာ မူတည္ပါတယ္ဆိုတာ ေျပာျပခ်င္ပါတယ္။

Post a Comment

Previous Post Next Post