နယ်ဒါးမြ၏ ကော်သူးလေ တပ်မတော်ဖွဲစည်းခြင်းကို KNU/KNLA လက်မခံ

Views

KNLA အနေနဲ့ နယ်ဒါးမြရဲ့ မြန်မာ-ကရင် ကော်သူးလေတပ်မတော် ဖွဲစည်းခြင်းကို လက်မခံနိုင်တဲ့အကြောင်း ဒီနေ့ရက်စွဲနဲ့ပဲ သဘောထားထုတ်ပြန်လာတာကို တွေ့ခဲ့ရပါတယ်...

နယ်ဒါးမြအနေနဲ့ ကော်သူးလေတပ်မတော် ဖွဲစည်းခြင်းအနေနဲ့ ကျိုးကြောင်းဆီလျော်မှုမရှိပါဘဲ ထွက်ပေါ်လာတာဖြစ်တဲ့အတွက် KNLA အနေနဲ့ ယုံကြည်မှုမရှိကြောင်းနှင့် လက်မခံနိုင်ကြောင်းကို အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်...

ယခုကဲ့သို့ ကောသူးလေ တပ်မတော်ဖွဲစည်းခြင်းဟာ KNLA/KNDO ခေါင်းဆောင်ပိုင်းများရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို  မထီမဲ့မြင်ပြုကာ ဖွဲ့စည်းတာဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထာတာ တွေ့ရပါတယ်.. နယ်ဒါးမြဟာ ထိုင်းနိုင်ငံသား တစ်ဦးလည်းဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အပြည့်အဝကာကွယ်ပေးထာတာကို အသုံးချနေတာ လက်တွေ့ တွေ့နေရပါတယ်...အနောက်နိုင်ငံများရဲ့ အထောက်အပံ့ကို ဘိုမြဆီကနေ ဆက်ခံပြီး KNU အဖွဲ့အစည်းမှာသူ့ရဲ့ အခွင့်အာဏာ သက်ရောက်မှု အများကြီးရှိနေခဲ့တာတွေ့ရှိကြပြီး ဖြစ်ပါတယ်။အခုလည်း ဘယ်သူမှ ဂရုမစိုက်ကြောင်းပြောခဲ့သူ နယ်ဒါးမြနဲ့ ကရင်တပ်မတော်ရဲ့ အစဉ်အလာကို ဆက်ထိန်းချင်တဲ့ KNU ကြား သဘောထားကတော့ ကွဲလွဲသွားခဲ့ပြီ ဖြစ်ပါတယ်...

ကရင်ပြည်နယ်အတွင်း KNU အဖွဲ့အစည်း၊ နယ်ဒါးမြရဲ့ ကော်သူးလေတပ်မတော် နှင့် KNLA/KNDO အပါအဝင် ၃ ပွင့်ဆိုင် အာဏာလွန်ဆွဲပွဲကြား ကရင်ပြည်သူ တရပ်လုံးကတော့ ယမ်းငွေ့တွေ ရှူရဦးမယ် ထင်ပါတယ်...

နယ်ဒါးမြဦးဆောင်မှုအောက်က ကော်သူးလေတပ်မတော်၏ တိုက်ခိုက်မှုမျိုး ကြုံတွေ့လာနိုင်တာ ဖြစ်သည့်အတွက် KNLA/KNDO နှင့် ကရင်ပြည်သူတရပ်လုံး သတိပြုနေထိုင်သွားကြဖို KNLA ရဲ့ စာထုတ်ပြန်ခဲ့မှုမျိုးပါ ပါဝင်ဝင်ခဲ့တဲ့အတွက် ကရင်မြေမှာ နယ်ဒါးမြထောက်ခံသူ ကရင်တစု ၊ KNU ကိုးကွယ်ယုံကြည်သူ လူတစ်စုနဲ့ ကြားနေ ပြည်သူတချို့တဝက်ရဲ့ ဒုက္ခအပူမီး ဘယ်အထိတောက်လောင်သွားနိုင်လဲ ဆိုတာ ရင်လေးစရာပဲ ဖြစ်ပါတယ်...

ယခု စာထုတ်ပြန်ချက်မှာ KNU တပ်မဟာ ၄ ၏ နယ်ဒါးမြ ခေါင်းဆောင်သော ကော်သူးလေ တပ်မတော်အား ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် KNLA ၏ သဘောထား စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်...ဒါတွေက တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး...ကျွန်တော်တင်ပြခဲ့သလို KNU ရဲ့ အိမ်တွင်းမီးကတော့ စတင်တောက်လောင်ခဲ့ပါပြီ...


လင်းနေ
#KT

(အောက်ကပုံကတော့ နယ်ဒါးမြ၏ လျှို့ဝှက်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကရင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ဖြစ်ပါတယ်)



Post a Comment

Previous Post Next Post