KNU အကွဲအပြဲ

Views

KNUဗဟိုမှာ ဥက္ကဌ မူတူးစေးဖော၊ စစ်ဦးစီးချုပ် စောဂျော်နီ တို့လိုငြိမ်းချမ်းရေးယူလိုသူတွေကတစ်ဖွဲ့ ..

ပဒိုစောတောနီး၊ ဒုစစ်ဦးချုပ်ဘောကျော်ဟဲတို့လို စစ်လိုလားသူများက တစ်ဖွဲ့ ဆိုပြီး သဘောထားကွဲ နေကြတာကြာပြီဖြစ်ပါတယ်။


အခု နောက်ပိုင်းမှာတော့ စစ်လိုလားသူ၊ သဘောထားတင်းမာသူများဘက်က ဗဟိုမှာအားသာလာတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးထက် အမြစ်ပြတ်ချေမှုန်းရေးလိုင်းဘက် ပြောင်းလာခဲ့ပြီဖြစ်ပါတယ်။


နစကရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းချက်အပေါ်ဥက္ကဌ စောမူတူးစေးဖောက တက်မယ်ဆုံးဖြတ်ပေမယ့် ဗဟိုအများစုက ကန့်ကွက်လို့ မတက်ရကြောင်း သတင်းများအရ သိရပါတယ်။


KNUဥက္ကဌမူတူးစေးဖော နဲ့ KNLA စစ်ဦးစီးချုပ် စောဂျော်နီ တိုရဲ့ သြဇာအရှိန်အဝါ၊ သဘာ၊ ဝါ ကလည်း KNUအဖွဲ့အတွင်းမှာကြီးမားတဲ့အတွက် KNU ဗဟိုအကွဲအပြဲကနေ KNU နှစ်ခြမ်းကွဲသွားမလားစောင့်ကြည့်နေကြချိန်မှာစောနယ်ဒါးမြ ရဲ့ ကော်သူးလေ တပ်မတော် တည်ထောင်တဲ့ အကွဲအပြဲကရုတ်တရက်ပေါ်ထွက်လာတာဖြစ်ပါတယ်။

အထူးသဖြင့် တပ်မတော်ကိုစစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရေး၊ စစ်တပ်က နိုင်ငံရေးကထွက်မှ ဆွေးနွေးနိုင်မယ်လို့ ရဲရဲတောက် တော်လှန်ရေးတွေ မကြာခနပြောနေတဲ့ KNU နိုင်ငံခြားရေးတာဝန်ခံပဒိုစောတောနီးတစ်ယောက် စောနယ်ဒါးမြ ကော်သူးလေ အာမီတည်ထောင်တဲ့အပေါ် ဒေါနဲ့မောနဲ့ပြန် တုံပြန်ဖြေရှင်းနေတာတွေ့ရတော့ တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်တပ်မတော်ကြီး တည်ထောင်ဖို့ထက် KNU ဖက်ဒရယ်တပ်မတော်ကို ရအောင်တည်ထောင်ဖို့တောင်မလွယ်ကြောင်း။



#SitNyein
#KT

Post a Comment

Previous Post Next Post