KNU တောင် တော်တော်ယုတ်မာတတ်နေပြီ

Views

၂၀၂၂ ခုနှစ် ဇွန်လ ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ရွှေရောင်ပြ၊ ပိန္နဲတော၊ နောင်ကတုတ်ရွာ တို့တွင် PTF အကြမ်းဖက်များရွာထဲဝင်လာပြီး အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လာသဖြင့်တပ်နဲ့ တိုက်ပွဲတွေများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ KNUတပ်မဟာ(၁)အနေဖြင့်လည်း ပညာရေးဝန်ထမ်းများအား ဖိအားပေးခြိမ်း ခြောက်ခဲ့၍ စာသင်ကျောင်းများပိတ်ထားရသည်ဟု သိရှိရသည်။

ယခုရက်ပိုင်းတွင် ဒေသခံများမှ ကလေးငယ်များ၏ ပညာရေးအတွက် စာသင်ကျောင်းများပြန်ဖွင့်ရန် ရပ်မိ ရပ်ဖများနှင့် ဆရာတော်များတွေ့ဆုံညှိနှိင်းကြသည်ဟု သိရှိရသည်။

ဆရာတော်တွေ ပြောတာက ' PTF တွေ လာနေသမျှ ငြိမ်းချမ်းမှာတော့ မဟုတ်ဘူး ၊ ကလေးတွေ စာသင်ရမှာ မဟုတ်ဘူး၊ တပ်ကလည်း PTF တွေလာနေရင် လာတိုက်မှာပဲ တပ်ကလဲလက်ခံမှာ မဟုတ်သလို ဆရာတော်တိုအနေနဲ့လဲလက်မခံကြောင်း၊ ဟိုးအရင်ကလို PTF တွေမရှိခင်က လိုအေးအေးချမ်းချမ်းလေး ပြန်နေချင်ကြောင်း၊ရွာတွေမှာ PTF တွေကို လက် မခံမှ ဖြစ်မယ် ' ဟု ပြောခဲ့ကြောင်း သိရသည်။

တပ်မတော်က အကြမ်းဖက် PDF အကြမ်းဖက်များကို လုံးဝလက်မခံမျိုးမဟုတ်ပဲ ပြစ်မှုမကျုးလွန်ထားသော လူငယ်များအား တရားဥပဒေနှင့်အညီ ပြန်လည်လက်ခံလျက်ရှိကြောင်းလဲ သိရှိရသည်။

အချို့သောတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အလှူငွေရအောင် PTF များကို လက်ခံနေသော်လည်း..

လက်တွေ့တွင် ဒုက္ခရောက်နေသည်မှာ ဒေသခံပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံးပင် ဖြစ်သည်။

PTFအကြမ်းဖက်များအနေဖြင့်လဲ ပြည်ပရောက် NUG အဖွဲထံမှ ထောက်ပံ့မှုများရရှိရန်နှင့် NUG အနေဖြင့်လဲ အလှူငွေများရရှိရေးအတွက်လည်း အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်အမှောက်လုပ်ရပ်များအား လုပ်ဆောင်စေပြီး online media များတွင် ဖော်ပြနေမှုများနှင့် media များ၏ မဟုတ်မမှန်သတင်းများမှာ သက်သေများဖြစ်သည်။ဘာပဲဖြစ်ဖြစ် အကြမ်းဖက် PTF များအား ဆက်လက်လက်ခံရင်တော့...လက်ခံထားသောဒေသ၊နေရာမှာ တိုက်ပွဲများဆက်လက်ဖြစ်နေဦးမည် ဖြစ်ပါသည်။

လင်းနေ
#KT

Post a Comment

Previous Post Next Post