လည်တော့လည်တယ် .. တစ်ပတ်မပြည့်တဲ့ KNU

Views

KNDO က ထုတ်ပယ်ထားတဲ့ စောနယ်ဒါးမြဟာ ကော်သူးလေ ARMY ကို ဇူလိုင် ၁၉ရက်နေ့ကစပြီး ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်၊ ပြီးတော့ ကိုယ့်ဘာသာကို စစ်ဦးစီးချုပ်ဆိုပြီး ခန့်လိုက်တယ် ..

ဒါနဲ့ပတ်သက်ပြီးတော့ KNU/ KNLA က သူတိုနဲ့ မသက်ဆိုင်ကြောင်း၊ သူတို့အသိအမှတ်မပြုကြောင်း ပြန်ပြီး ကြေညာချက်ထုတ်ခဲ့တယ် ..

သူတို့ ဘယ်လိုပဲ ထုတ်ပြန်ပါစေ၊ ဒါဟာ KNU ရဲ့လှည့်ကွက်ပါပဲ ..

KNU ဟာ လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲအစည်းဖြစ်ပေမယ့် ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်နေတော့ NCA ကိုလဲ လက်မလွှတ်ချင်ဘူး၊ NCA ပျက်သွားရင် တပ်မတော်ရဲ့ ထိုးစစ်ဆင် ချေမှုန်းခံရမှာလဲ ကြောက်တယ် ..

ဒါကြောင့် NCA လဲမပျက်ရအောင် ခုလို နယ်ဒါးမြကို ကော်သူးလေ ARMY ဆိုပြီး တစ်ဖက်လှည့်နဲ့ အသွင်ပြောင်းဖွဲ့လိုက်တာလို့ပဲ ယူဆရပါတယ်

#DGF21
#KT

Post a Comment

Previous Post Next Post