KNU ရဲ့ ကရင်စစ်ကျွန်ပညာရေးဆီသို့ ဆွဲဆောင်မှုများ နားမယောင်ဖို့လို

Views


NUG ရဲ့ cow for u က ဆရာဆိုတဲ့ ဆရာ cow နဲ့ နောက်ထပ် ဆရာ ၂ ယောက်ကို မာလစွက်မှာ ဖမ်းမိတယ်...အဲ့ဒီကနေ သတင်းတွေရ.. အချက်အလက်တွေရ.. cdm ဆရာ/မ တွေရဲ့ နာမည်တွေ ထွက်လာတဲ့အခါ  နူဂျီတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အချိန် ထုံးစံအတိုင်း KNU ရဲ့ ball ကို ပြေး "မ"ရတော့တာပဲ...

ဦးကရင်တို့ကလည်း ball "မ" ခံရတဲ့ အရသာကို အကြိုက်တွေ့ဟန် တူပါရဲ့ ... welcome  ချည်းပဲ လုပ်နေတာ...

welcome လုပ်ပေမပေါ့...

အနှစ်နှစ်အလလက ဗမာမုန်းတီးရေးမူတွေ စဥ်ဆက်မပြတ် ရိုက်သွင်း သင်ကြားပေးနေတဲ့ ကရင်ကျောင်းတွေအတွက် အခုအချိန်မှာရလာတဲ့ အထူးအခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာရယ်..

ဒါ့အပြင် cow for u နဲ့ ပါတ်သက်သူတွေက ဘောစိတွေ ဖြစ်နိုင်လို့ အကျိုးကို မျှော်ကိုးတာလည်း ဖြစ်နိုင်တယ်...ဒီနှစ်ချက်ကတော့ KNU အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ၂ ချက်ပဲ...

နောက်တစ်ခု စဉ်းစားရမှာက KNU ဆီ သွားမယ်လို့ဆုံးဖြတ်ထားတဲ့သူတွေအတွက် KNU လက်ခံထားနိုင်မယ့် ကျောင်းသားဦးရေနဲ့ မိဘ အင်အား..

မီဒီယာတွေပေါ်မှာ ပျံ့နှံနေတာတစ်ခုအရ ကျောင်းသားအင်အား ၅၀၀၀၀ ကျော်လို့ ပြောထားတာရှိတယ်...မိဘအင်အား ၂၅၀၀၀ လောက်ပဲထားဦး...ဘယ်လောက် လက်ခံသင်ကြားပေးနိုင်မလဲ...စာသင်ရင် အပင်အောက်သင်လို့ရတယ် ကျောင်းဆောင်မလိုဘူး ဆိုရင်တောင်..စစ်မီးတောက်နေတဲ့ ကရင်ပြည်နယ်မှာ ဘယ်နားသွားပြီး စာသင်မလဲ..? ကျောင်းသားနဲ့ မိဘတွေကို ဘယ်နေရာ နေထိုင်ခွင့်ပြုထားနိုင်မလဲ..? သူတို့ ကရင်ဒေသခံတွေတောင် KNU ရဲ့ PDF ကို လက်ခံထားလို့ စစ်ရှောင်ဘဝနဲ့ ဒုက္ခရောက်နေပါတယ်ဆိုမှ..ပြီးတော့ KNU ကပဲ ကရင်မီဒီယာတွေကနေ စစ်ရှောင် ဘယ်နှစ်သိန်းရှိပါပြီ..ဘယ်လို ဒုက္ခကြုံနေရပါတယ် ဆိုပြီး အလှူခံနေတာ..အားလုံးလည်း အသိပါပဲ...ဒါတောင် နေရေးထိုင်ရေးအတွက်ပဲ ပြောသေးတာ...တခြား ကျန်းမာရေးလိုမျိုး ကဏ္ဍတွေမပါသေးဘူး...



ဒီလိုအကြောင်းအရင်းတွေကြောင့် NUG ရဲ့ စာထုတ်နေတာလောက်ကို ပျော်မနေဘို့ အသိပေးချင်တာ...ပြီးတော့ NUG ဆိုတာ တရားဝင်အစိုးရဆိုသူတွေကို တစ်ခုပြောချင်သေးတယ်.. နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာ ၃ ရပ်ကို ပိုင်တဲ့သူက အဲ့ဒီနိုင်ငံရဲ့ အစိုးရပဲဗျ...ကြိုက်ကြိုက် မကြိုက်ကြိုက် အစိုးရက အစိုးရပဲ..တာလီဘန်တွေကို တကမ္ဘာလုံးက ကျဥ်ကြပေမယ့် သူတိုနိုင်ငံမှာ သူတို့ အစိုးရပဲ...သူတို့ကို သွားရှုပ်လို့မရဘူး...လက်တွေ့ကိုယုံကြမှာလား လေကိုယုံကြမှာလားဆိုတာ စဥ်းစားကြပေါ့...

ဒါကြောင့်မို့ NUG ရဲ့ မှိုင်းတွေကို လွတ်အောင်ရှောင်ဘို့နဲ့ KNU က စောတောနီးရဲ့ စကားလှအောင်ပြောတာကို မယုံကြည်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်...



နီပိတ်တွေ ပြောပြောနေတဲ့ ဗမာစစ်ကျွန်ပညာရေး ကနေ ကရင် စစ်ကျွန်ပညာရေး သွားဖို့ဆိုတာ KNU ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း တစ်ပုဒ်ပဲ ဖြစ်လိမ့်မယ်...CDM ဆရာ/မ တွေကို နစက က ပြန်ခေါ်နေဆဲဖြစ်လို့ CDM တွေလည်း အခက်အခဲ မဖြစ်ပါဘူး..ခံဝန်ထိုးပြီး လက်တွဲလိုက် ရတာပဲ..

အစိုးရတိုင်းက ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို ကိုယ့်ရဲ့ ရင်ဝယ်သားပမာ သဘောထားကြတာပဲ...အခုချိန်ထိ PDF တွေ အမြင်မှန်ရပြီး အလင်းဝင်ချင်ပါတယ်ဆိုရင် လက်ခံနေတုန်း...ဟိုအနုပညာရှင်တွေလို တချိန်လုံး ရဲရဲနီခဲ့တဲ့သူတွေကိုတောင် အမြင်မှန်ရပါပြီ အမှားတွေမလုပ်တော့ပါဘူးပြောလို့ လက်ခံခဲ့သေးတာပဲ...

ဘယ်မိဘကမှ ကိုယ့်သားသမီးကို စွန့်ပစ်ရိုးထုံးစံမရှိသလို အစိုးရဆိုတာကလည်း နိုင်ငံသားတွေကို နေ့စဥ်နဲ့အမျှ လက်ခံကြိုဆိုလျှက်ပါ...ဒါတွေကြောင့် ပွဲလန့်တဲ့အချိန် ဖျာဝင်ခင်းနေတဲ့ KNU ရဲ့ စကားတွေကို မိဘပြည်သူတွေ နားမယောင်ဖို့ လိုပါလိမ့်မယ်လို  ပြောကြားရင်း...

မေတ္တာဖြင့်

လင်းနေ

#KT



Post a Comment

Previous Post Next Post