KNDO စစ်ဦးစီးချုပ် ပြဿနာကြောင့် လှိုင်းထနေတဲ့ KNU ဂယက်

Views

KNDO မှာ အခုတလော တော်တော်လေးဟော့နေတဲ့ သတင်းက စစ်ဦးစီးချုပ်ရာထူး ပြဿနာပါပဲ...

လက်ရှိအခြေအနေအရ စစ်ဦးစီးချုပ်က ၂ ယောက်ဖြစ်နေတယ်...စောရှီးလေ နဲ့ အချစ်တော်ကြီး နယ်ဒါးမြ...KNU ဗဟိုက နယ်ဒါးမြကို အူးဟူချောင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး ကိစ္စနောက်ပိုင်းမှာ အရေးယူတာမျိုးမလုပ်ဘဲ KNU ကနေ ထုတ်ပယ်တယ်ဆိုပြီး တရားဝင် စာထွက်ထားတာတော့ ရှိတယ်...ဒါပေမယ့် နယ်ဒါးမြက လက်မခံဘူး...သူကခေါင်းဆောင်ဆိုပြီး ယခုအချိန်ထိ လုပ်နေတုန်းပဲ...နယ်ဒါးမြက ထိုင်းနိုင်ငံသားခံယူထားတဲ့သူဖြစ်လို့ အရေးမယူရဲ၊ မပြောရဲတာလားတော့ မသိရဘူး...ဒါပေမယ့် online မှာ ဟော့နေတာကတော့ KNDO စစ်ဦးစီးချုပ်က နယ်ဒါးမြပါပဲတဲ့...


နယ်ဒါးမြက စစ်ဦးစီးချုပ်ပါလို့ ပြောနေတာကို KNU  ဗဟိုက ဘာလို့ တုန့်ပြန်ပြောဆိုမှု မရှိသေးတာလဲ..?

ဒီအချက် စဥ်းစားစရာပါပဲ...ဒီကိစ္စကို လေ့လာသုံးသပ်ကြည့်ရအောင်...

နယ်ဒါးမြဆိုတာ ထိုင်းနိုင်ငံသား ခံယူထားသူ...ကရင်တို့ရဲ့ ခေါင်းဆောင်ဟောင်း ဘိုမြသား..KNU ရဲ့ စစ်ပညာတွေသင်ပေးနေတဲ့ .free burma ranger တွေနဲ့ ဆက်နွယ်မှုရှိသူ..ယခုလဲ PDF တွေကို လက်ခံထားသူ..ဗဟိုရဲ့အမိန့်တွေကို လက်မခံဘူးလို့ ပြောခဲ့တဲ့သူ...

ဒီလို ပြောခဲ့တာဟာလည်း နယ်ဒါးမြက ကျောထောက်နောက်ခံ တောင့်တင်းလို့ဆိုတာ ရှင်းနေတာပဲ...သူ့ကို အရေးတယူမလုပ်ရင် သူကိုင်ထားတဲ့ ပိုက်ဆံက မရနိုင်လို့ KNU ဗဟိုက နယ်ဒါးမြကို ထုတ်ပယ်တယ်ဆိုတာတောင် လူကြားကောင်းအောင် လုပ်တဲ့ သဘောဖြစ်နိုင်တယ်...

နိုင်ငံခြားအထောက်အပံ့လည်း သူ့ဆီကပဲလာတာ..သူ့ကို ငွေကြောင့်ပဲ မပြောရဲမဆိုရဲ ဖြစ်နေတာပဲ ဖြစ်ပါလိမ့်မယ်. အနောက်နိုင်ငံတွေကနေ ထိုင်းနိုင်ငံသားခံယူထားတဲ့ သူ့ဆီရောက်.သူ့ဆီကနေ ကဲ ဗဟို အဖွဲ​တွေဆီ ပြန်ဖြန့်နေတာမို့လို့လဲ ဒီလောက်ထိ ဗဟိုကို အာခံနိုင်ထားသူ..ဒါကြောင့် ..ဗဟိုကထုတ်ထားတဲ့သူက KNDO ဖွဲ့စည်းခြင်း ၇၅ နှစ်ပြည့်မှာ မိန့်ခွန်းတက်ပြောရဲစရာ အကြောင်းမရှိဘူး...အပေါ်က အချက်တွေက သက်သေပဲ..

စောရှီးလေကတော့ KNU ဗဟိုရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စစ်ဦးစီးချုပ်..သူ့အကြောင်းကတော့ ဘာမှ ပြောစရာမရှိသေးဘူး...ဗဟို နဲ့ နယ်ဒါးမြ ကြားက နယ်ရုပ်လိုပါပဲ..

အဲ့ဒီတော့ လိုင်းပေါ်မှာ Hotနေတဲ့ KNDO က စစ်ဦးစီးချုပ် ဘယ်သူလဲ..? ဘာတွေဆက်ဖြစ်မလဲ သိချင်နေကြတဲ့သူတွေအတွက် KNU ဗဟိုက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ...

စောရှီးလေ လား...? နယ်ဒါးမြ လား...?

ဒီကိစ္စအတွက်နဲ့ KNU ဗဟိုလည်း တော်တော်ခေါင်းခဲနေပြီလို့ သိရတယ်...

ဒီကြားထဲ ထိုင်းအစိုးရကပါ ဒီကိစ္စက ရေငုံနှုပ်ပိတ်နေ နေတော့ ဘာဆက်ဖြစ်မလဲ ဆိုတာ ဆက်ကြည့်ရမှာ ဖြစ်ပါတယ်....


ဆက်ရန်

လင်းနေ

#KT



Post a Comment

Previous Post Next Post