မြန်မာ-ကရင် ပြည်သူ့တပ်မတော် Kaw Thoo Lei Army ဖွဲ့စည်းခြင်းမှ နယ်ဒါးမြ၏ သဘောထား

Views

အွန်လိုင်းမှာ KNDO စစ်ဦးစီးချုပ် အဖြစ်နာမည်ကြီးနေတဲ့ နယ်ဒါးမြဟာ KNDO ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာပဲ ခွဲထွက်ပြီး မြန်မာ-ကရင် ပြည်သူ့တပ်မတော် ကော်သူလေတပ်မတော်ဖွဲ့စည်းပြီး ဦးဆောင်သူအဖြစ်နဲ့ Venom စစ်ကြောင်းနဲ့ပါ ပူးပေါင်းသွားမယ်လို့လည်း တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်။

၁။ ယခုလို မြန်မာ-ကရင် ပြည်သူ့တပ်မတော် ကော်သူလေ တပ်မတော်ဖွဲ့စည်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး နယ်ဒါးမြရဲ့ မြန်မာတပ်မတော် နဲ့ KNUဗဟိုအပေါ် သဘောထားများကို မေးမြန်းတဲ့အခါမှာတော့-

** အများပြည်သူက KNDO စစ်ဦးစီးချုပ်အဖြစ် ရှိနေစေချင်တယ် သူကိုယ်တိုင်လည်း စစ်ဦးစီးချုပ်ရထိုက်သူလို့ ခံယူထားသူဖြစ်သော်လည်း KNDO က မြန်မာစစ်တပ်နဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့မို့လို့ ခွဲထွက်ရတာဖြစ်ကြောင်း

** ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့အမည်တောင် မြန်မာ-ကရင် ပြည်သူ့တပ်မတော် တနည်းပြောရရင် ကော်သူလေတပ်မတော်လို့ ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း

** KNU အဖွဲ့ဝင်အဖြစ်မိမိကိုယ်တိုင် ခံယူထားဆဲဖြစ်သော်လည်း ဗဟိုမှတာဝန်ကနေ ရပ်စဲတယ်ဆိုတာကို လက်မခံနိုင်လို့ အခုလို ကိုယ်ပိုင်ရပ်တည်ရခြင်းဖြစ်ကြောင်း 

** သီးသန့်အဖွဲ့ဖြစ်သွားပြီဆိုတော့ ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင်အကောင်အထည် ဖော်ဖို့ အခွင့်အရေးပိုမိုရရှိလာပါပြီ ဟုဆိုကြောင်း



၂။ တပ်မတော်တရပ်အနေနဲ့ ဖြစ်သွားခဲ့ပြီဆိုတော့ တိုက်ခိုက်ဖို့အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့-

** အဓိကကတော့ မြန်မာပြည်တွင်းက PDF တွေနဲ့ အများဆုံးစုဖွဲ့ထားပြီး မြန်မာစစ်တပ်ကို အမြစ်ပြတ်အောင် တိုက်မှာပါ

** တခြား အဖွဲ့အစည်းတွေကိုလည်း ကျွန်တော့်ရည်ရွယ်ချက်တွေကို ထိပါးလာရင်တော့ တိုက်ရမှာပဲ

** ကျွန်တော်တိုက်ရင် ကျွန်တော့်ကိုထောက်ခံတဲ့သူ အများကြီး ပါလာမှာ.အခုတောင် ကျွန်တော်နဲ့ ပူးပေါင်းချင်ပါတယ်ဆိုတဲ့ ကရင်စစ်သားတွေ ရှိနေတယ်ဟုဆိုခဲ့ကြောင်း



၃။ တပ်မတော်ကို ဖွဲ့စည်းဖို့ ပြင်ဆင်ခဲ့ရတဲ့ အကြောင်းအရင်းကို မေးမြန်းရာ-

** Venom စစ်ကြောင်းကို ဦးဆောင်ဖို့ အရင်ကတည်းက ပြင်ဆင်လာခဲ့ရတာ။ အဓိကက လက်နက်ရဖို့ ထိုင်းနဲ့ ချိတ်ဆက်ရတယ်။ ငွေကြေးပေးဝယ်တိုင်းလည်း အဆင်မပြေနိုင်ဘူး။ KNU မှာတုန်းကလည်း ဦးဆောင်လုပ်ပေးခဲ့ရတာပဲ..ရသမျှထောက်ပံ့ငွေတွေက ဗဟိုက လူကြီးတွေဆီမှာပဲ ရောက်ရှိသွားကြောင်း၊ 

** လူ(စစ်သား)ကရှိပြီးသားဖြစ်တယ်။ အထောက်အပံ့ကလည်း ရပြီးသားဖြစ်တယ်။ ပိုပြီးအဆင့်မြင့်အောင် ကြိုးစားပြီး လုပ်သွားမယ်။



၄။ ထိုင်းနိုင်ငံသားခံယူထားမှုနဲ့ နိုင်ငံတကာအမြင်နဲ့ပါတ်သတ်ပြီး...

** ကရင်မို့လို့ ကရင်မြေကို ခြေချချင်တယ်။ တဖက်တလမ်းကနေ တိုးတက်ရာ တိုးတက်လိုကြောင်း ပါဝင်ချင်တယ်..ထိုင်းနိုင်ငံသားအဖြစ်ခံယူခဲ့တာလဲ US ကဆောင်ရွက်ပေးခဲ့တဲ့အတွက် ထိုင်းမှလဲ အသာတကြည် လက်ခံခဲ့ကြောင်း၊ဒါကြောင့် အခုထိ ထိုင်းအစိုးရအနေနဲ့ သူတို့ရဲ့နိုင်ငံသားဖြစ်လို့ KNU ဗဟိုရဲ့ ဖိအားပေးမှုကို ကာကွယ်ထားပေးကြောင်း၊မိမိကို အရေးယူရလျင် KNU ဗဟိုအဖွဲ့က လူကြီးတွေလဲ ထိုင်းနိုင်ငံထဲတွင် နေလို့ မရတော့ကြောင်း၊

** အရင်ကတည်းက လက်နက်ကိုင်လာတာ။ လက်နက်ကိုင်မို့လို့ နိုင်ငံတကာက အရေးယူမယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး

** အရေးယူချင်တယ်ဆိုရင် ထိုင်းနိုင်ငံသားက မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်နေတာ အရေးယူလို့ရနေပြီပဲ။ အခုလည်း အများသိအောင် တပ်မတော်ဖွဲ့စည်းတာကို တရားဝင် စာထုတ်ခဲ့တာ

** ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ဦးအနေနဲ့ တိုက်ပွဲဝင်သွားပါမယ်။ဆက်ပြီးတော့လဲ  KNU ကိုသာ ဦးဆောင်ခွင့် ရခဲ့ရင် မြန်မာစစ်တပ်အတွက်တော့ မကောင်းတဲ့ သတင်းပဲကြားနေရလိမ့်မယ်.ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

source: Kaw Thoo Lei Television

crd: Linn Nay



Post a Comment

Previous Post Next Post