INS Vikramaditya သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပြီး အသေအပျောက်မရှိကြောင်း သိရ

Views

Karnataka ရှိ မဟာဗျူဟာကျသော Karwar အခြေစိုက်စခန်းမှ အိန္ဒိယရေတပ်၏ လေယာဉ်တင်သင်္ဘော INS Vikramaditya ပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နှင့် စစ်သင်္ဘောပေါ်ရှိ ဝန်ထမ်းအားလုံး ဘေးကင်းကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး Rajnath Singh သည် ရေတပ်ဌာနချုပ်မှတဆင့် အခင်းဖြစ်ပွားမှုကို သိရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏ လေယာဉ်တင် သင်္ဘောပေါ်တွင် မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ရေတပ်ဌာနချုပ်က စုံစမ်းရေး ဘုတ်အဖွဲ့ကို အမိန့်ပေးခဲ့သည်။ 

လေယာဉ်တင်သင်္ဘောသည် ပြန်လည်ပြင်ဆင်ပြီးနောက် ပင်လယ်ပြင်တွင် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။

“ပင်လယ်ပြင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ် တခုအတွင်း ဒီနေ့ INS Vikramaditya မှာ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းပို့ခဲ့ပါတယ်။ သင်္ဘောက Karwar မှာ လည်ပတ်နေတယ်” ဟု ရေတပ်မှ ပြောကြားခဲ့သည်။

“မီးငြှိမ်းသတ်ရာမှာ သင်္ဘောသားတွေက မီးငြှိမ်းသတ်တဲ့စနစ်တွေသုံးပြီး မီးထိန်းနိုင်ခဲ့တယ်။ အသေအပျောက်တော့ မရှိဘူးပေါ့နော်။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်က အမိန့်ထုတ်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖြစ်စဉ်မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

2019 ခုနှစ် ဧပြီလ အစောပိုင်းတွင် လေယာဉ်တင် သင်္ဘောပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရေတပ်အရာရှိငယ်တစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလတွင်လည်း INS Vikramaditya သင်္ဘောပေါ်တွင် မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့သည်။

အိန္ဒိယရေတပ်သည် ၎င်း၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘော INS Vikrant ကို လာမည့်လတွင် ခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

INS Vikramaditya သည် 2013 ခုနှစ်တွင် ရုရှားမှ ဝယ်ယူခဲ့သော Kiev-class လေယာဉ်တင်သင်္ဘောဖြစ်ပြီး 2.3 ဘီလီယံဒေါ်လာ သဘောတူညီချက်ဖြင့် ၎င်းကို ဂန္တဝင်ဧကရာဇ် Vikramaditya အား ဂုဏ်ပြုသောအားဖြင့် အမည်ပြောင်းခဲ့သည်။

ရုရှားက မူရင်းသင်္ဘောအမည်ကို ရေပေါ်လေယာဉ်ကွင်းဟု မကြာခဏ ခေါ်ဝေါ်တင်စားကြသည်။ 

တန်ချိန် 44,500 ရှိသော စစ်သင်္ဘောသည် အလျား 284 မီတာခန့်ရှိပြီး ၎င်း၏အမြင့်မှာ မီတာ 60 ဝန်းကျင်ရှိပြီး Keel မှ အမြင့်ဆုံးနေရာအထိ အထပ် 20 အဆောက်အအုံနှင့်ဆင်တူသည်။

သင်္ဘောတွင် စုစုပေါင်း ကုန်းပတ် ၂၂ ခု ရှိပြီး MiG 29K ဂျက်တိုက်လေယာဉ်များ၊ Kamov 31 နှင့် Kamov 28 ရဟတ်ယာဉ်များ အပါအဝင် လေယာဉ် အစင်း 30 ကျော် တင်ဆောင်နိုင်စွမ်း ရှိသည်။

Post a Comment

Previous Post Next Post