ပြည်ဖျက်မီဒီယာ DVB

Views
( သောင်းကျန်းသူများ လက်ချက်ဖြင့် လက်နက်ငယ်ထိမှန်ခဲ့‌ သော LPG Gas ကား အား တွေ့မြင်ရစဉ်)

မနေ့ ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့အဝင်တွင် LPG Gas တင်ဆောင်လာသည့်ကားအား သောင်းကျန်းသူ အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါသတင်းအား လေယာဉ်ဆီ သယ်ဆောင်လာသည့် လောင်စာကား မီးရှို့ခံရဟု သတင်းရေးသားခဲ့သည့် DVB ၏ သတင်းထောက်တစ်ဦး အလုပ်ထုတ်ခံခဲ့ရသည်ဟု မြေပြင်အခြေစိုက် မီဒီယာလုပ်ငန်းတူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

" တကယ်တော့ သူလည်း သေချာ မသိလိုက်လို့နေမှာပါ။ မီးရှိခံရရင် ကားရော ၊ နောက်က သူရေးခဲ့တဲ့ လေယာဉ်တင်ဆီတွဲကားပါ မီးလောင်မှာပေါ့။ နောက် လေယာဉ်အတွက်သုံးတဲ့ ဆီက ပေါက်ကွဲအားပြင်းထန်လို အများစုက ရေလမ်းပဲ သုံးတာ များပါတယ်။ ခုဖြစ်စဉ်က သေနတ်နဲ့ နောက်တွဲကားကို ပစ်လိုက်လို GAS တွေ ထွက်လာတာ အရှင်းကြီးပဲလေ။ သတင်းသမား‌အတွေ့အကြုံ နည်းလို့ဖြစ်ပါလိမ့်မယ်"ဟု အဆိုပါ သတင်းထောက်တဦးက ဖြည့်စွက်ပြောကြားခဲ့သည်။ 

ယခုသတင်းနှင့်ပတ်သက်၍ အထုတ်ခံရသည့် သတင်းထောက်သည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ DVB သတင်းမီဒီယာအနေဖြင့် ထုတ်ဖော်ပြောကြားလိမ့်မည်မဟုတ်ဟု ယုံကြည်ရသည်။ 

#ဖိုးစီ
===============

လွန်ခဲ့တဲ့ ၄ လကျော်လောက်ကလည်း DVB တို့လို ပြည်ဖျက်မီဒီယာများက အိမ်သုံးဂတ်စ်နဲ့ ဆေးရုံသုံး အောက်စီဂျင်များ သယ်ဆောင်လာတဲ့ တွဲကားများအား စကစ က လေယာဉ်ဆီတွေ သယ်ဆောင်လာတယ် ဆိုပြီး သတင်းတင်ခဲ့လို့ KNU/PDF အကြမ်းဖက်သူပုန်တွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။ 

DVB တို့လို ပြည်ဖျက်မီဒီယာများအနေဖြင့် လိပ်ပြာလုံကြပါစေ။
ကံတူဆိုးကျိုးပေးပါစေ။။။
#KT




Post a Comment

Previous Post Next Post