ဒါဖတ်ပြီးမှ "စစ်ခွေး"ခေါ်ပါ

Views

ကျေးဇူးတရားကို မဆပ်ချင်နေပါ။ 

မစော်ကားကြပါနှင့်။


မဖြစ်စလောက်အင်အားနှင့် ရိက္ခာမရှိ စစ်ကူမမျှော်နှင့် တောင့်ထား၊ မဆုတ်တမ်းခံစစ်၊နိုင်အောင်တိုက် ဆိုပြီး မြန်မာ့အစိုးရအာဏာဟာ ဇီးရွက်ပမာဏလောက်ပဲ ကျန်တော့တဲ့အချိန်မှာ တိုင်းပြည်ကို  အစိတ်စိတ်အမွှာမွှာ တစ်စစီဖြစ်နေတဲ့အချိန်မှာ.  တပ်မတော်ဟာ အသေခံတိုက်ပြီး နိုင်ငံတော်ကို ပြန်စုစည်းပေးခဲ့တာပါ။ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံ့သားကောင်း တပ်မတော်သားတွေရဲ့ ဝိညာဉ်တွေဟာ ယနေ့အချိန်ထိ ကျေးဇူးရှိနေဆဲပါ။


သူတို့ တိုက်ပေးခဲ့ကြလို့ ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၀,၀၀၀(နှစ်သိန်းခြောက်သောင်း)ကျော်နဲ့. အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဆိုပြီး ထည်ထည်ဝါဝါ ရပ်တည်လို့ ရခဲ့တာပါ။


စစ်တိုက်ရင်း သေနတ်ပြောင်းက ယမ်းခိုးအပူနဲ့ နှုတ်ခမ်းတွေကွဲခြောက်လို့ ရေငတ်နေတာတောင် ဗူးထဲက ရေတငုံစာကို သေနတ်ပြောင်းကို လောင်းဖို့ ငါရေငတ်ရင်ငတ်ပါစေ ငါ့စခန်းငါ့တပ်မကျဖို့ ငါ့သေနတ်က ကျည်ထွက်နေမှရမယ်ဆိုပြီး လူကမသောက်ဘဲ သေနတ်ကိုတိုက်ခဲ့ကြတဲ့ ရှေးစစ်သားကြီးတွေ အများကြီး ရှိခဲ့ကြတယ်။


တိုက်ပွဲဖြစ်နေရင်း ကျည်သင့်လို့ အသက်ထွက်ခါနီး သေအံမူးမူးမှာတောင် ဗိုလ်ကြီး ကျွန်တော် တာဝန်ကျေပါတယ်နော် ဆိုတဲ့ တပ်မတော်သားတွေ အများကြီးရှိခဲ့ဖူးတယ်။


တိုက်ပွဲဖြစ်နေရင်း ကျည်သင့်လို့  ကျဆုံးခါနီးမှာတောင် မင်းတို့ဒီတိုက်ပွဲကို နိုင်အောင် ဆက်တိုက်ရစ်လို့      အမိန့်ပေးပြီးမှ ကျဆုံးသွားတဲ့ တပ်မတော်အရာရှိတွေရှိတယ်။ 


"တော် ပြောတော့  ဒီတစ်ခေါက်ရှေ့တန်းက ပြန်လာရင် သမီးလေးကို ရှင်ကိုယ်တိုင် ကျောင်းလိုက်အပ်ပေးမယ်ဆို "  လို့ အော်ပြီးငိုခဲ့ရတဲ့ တပ်မတော်သားတစ်ယောက်ရဲ့. မိသားစုတွေ ရှိတယ်။ 


" သားလေးရယ် ဒီတစ်ခေါက် ရှေ့တန်းပြန်ဝင်လာရင် ခွင့်ယူပြီး အမေ့အိမ်ပြန်လာမယ် အမေ့လက်ရာ ထမင်းဟင်းတွေ လွမ်းလှပြီဆို " လို့ အော်ဟစ်ပြီး ရင်ဘတ်ထုငိုခဲ့ကြရတဲ့ တပ်မတော်သားတွေရဲ့. မိဘတွေလည်း ရှိတယ်။ 


ဖေဖေ သမီးတို့ဖို့ မုန့်တွေဝယ်လာမယ်ဆို ပြီး အော်ငိုခဲ့ကြရတဲ့ သားသမီးလေးတွေ အများကြီးရှိခဲ့တယ်။ 


" ကို "  လက်ထပ်ခွင့်တင်ထားပြီးပြီ။ ဒါဆို ဒီတစ်ခေါက် ကိုပြန်လာရင် မေ တို့လက်ထပ်ကြရအောင်နော် ။ ဆိုပြီး လက်မထပ်ဖြစ်ခဲ့ကြတာတွေ ရှိတယ်။ 


ဗိုက်ထဲမှာ တကျုတ်ကျုတ်နဲ့  စားစရာက မရှိ။ရက်ရှည်နာရီပေါင်းများစွာ အိပ်ရေးကပျက်။ဝတ်ထားတဲ့ယူနီဖောင်းက ကာကီစိမ်းအရောင်တောင်မပေါ်တော့ဘဲ တိုက်ခဲ့ရတဲ့တပ်မတော်သားတွေ


မိုးကတစိမ့်စိမ့်ရွာ   ရေကခါးလောက်  ရပ်နေရတာကအချိန်မနည်းတော့ ကျွတ်တွေ မျှော့ တွေကတွယ် ။ ထမင်းက ချက်မရ။ ဆန်ကိုရေစိမ်ပြီး အစိမ်းဝါးစားတိုက်ခဲ့ရတဲ့ တပ်မတော်သားတွေ


နှင်းတွေက ရွှဲနေအောင်ကျ  အနွေးထည်က မလုံ့တလုံ နားရွက်ဖျားတွေ ခြေဖျားလက်ဖျားတွေက အေးစက်တောင့်တင်းနေပြီး လူသေတစ်ယောက်လို ထိလို့ ထိမှန်း ကိုင်လို့ကိုင်မှန်းမသိ. အချမ်းပြေ မီးလုံဖို့ မဆိုနှင့် ဆေးလိပ်တောင် မသောက်ရဟူသော အမိန့်အောက်မှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ တပ်မတော်သားတွေ အများကြီး


ကဲ !   မိတ်ဆွေ ဒီအထိမှ ဖတ်ခဲ့ပြီးရင်တော့. စစ်ခွေးလို့ ခေါ်ချင်လည်း. ခေါ်နိူင်ပါတယ်။


                 credit



Post a Comment

Previous Post Next Post