မပုံပုံ၏ သနားစရာ ဖြစ်ရပ်မှန်

Views

 "တစ်ချက်တည်းပါ ... ဒါပေမဲ့ ပြည်သူအားလုံးကိုလာမှန်တဲ့ကျည် တစ်တောင့်"

အုတ်ဖိုမြို့နယ် ၊  ဝိုင်းအုပ်စုတောစပ်၊  ဆယ်ဘောင်ကျေးရွာက မပုံပုံ အသက်(၁၅)နှစ်ဟာ

ခေါင်းရွက် ဗြတ်ထိုး အသားငါး ရောင်း သူလေးပါ ..

နေ့တိုင်းရောင်းပါတယ် ..

PDF တွေကလည်းနေ့တိုင်းဝယ်စားပါတယ် ..

ဒါပေမဲ့ အကြွေးပါ ..

ကောင်မလေးကအကြွေးတောင်းတော့ မပေးပါဘူး ..

ငါတို့  တော်လှန်ရေးလုပ်နေတာ ပိုက်ဆံပေးဖို့လို လို့လား?  နင်တို့ပြည်သူတွေကထောက်ပံ့ရမှာလေ 

လို့ပြောလွှတ်ပါတယ် ..

အဲဒါနဲ့ကလေးမက ငိုပြီး သူအမေကိုတိုင်ပါတယ် 

နောက်ပြီးတော့ နောက်နေ့တွေ လာလုပ်ရင် တိုင်မယ်လို့ ပြောလိုက်မယ်ဆိုပြီး

သူအမေကိုပြောပါတယ် ..

သူ့အမေကသမီးရယ် သူတို့ခေတ်ပဲခွင့်လွှတ်လိုက်ပါလို့ပြောခဲ့ပါတယ် ..

အဲဒါနဲ့ နောက်တစ်နေ့ သူ့နဲ့အတူ အဖော်သူငယ်ချင်း ကိုခေါ်သွားပြီး PDF စခန်းကို

အဝေးကရှောင်ပြီး သွားပါတယ် ...

စျေးရောင်းပြီးအပြန်မှာ PDF တွေကစခန်းရှေ့ကမလာဘဲ ဘယ်ကသွားတာလဲ 

နောက်နေ့ စခန်းရှေ့ကမလာရင် စျေးမရောင်း ရဘူး လို့ပြောပြီး ကြက်သား(၃)ထုပ်ကို

ယူပါတယ်  ..

မပုံပုံ လေးက ကြက်သားဖိုးပေးပါလို့တောင်းပါတယ် .. 

ဟိုကမပေးဘူးဟုဆိုသဖြင့် မပုံပုံက မပေးရင် ရဲတိုင်မယ် 

ငါအလကားရထားတာမဟုတ်ဘူး အရင်းပြုတ်တော့မယ်လို့ ပြောမိလိုက်ပါတယ် ..

တကယ်တော့ ကလေးမက နိုင်ငံရေးလည်း မသိပါ

လူကြီးတွေပြောစကားကြားပြီး ပြောလိုက်မိတာပါ ..

PDF တွေအရှိုက်ထိသွားတယ် ..

ရဲတိုင်မယ်လို့ပြောလို့  ရဲတိုင်မဲ့ကောင်မ လူပြည့်မှာ

အသက်မရှင်စေရဘူး ဆိုကာ လက်လုပ်ပစ္စတိုနဲ့ မျက်နှာကိုပစ်ချလိုက်ပါတယ်  ..

မပုံပုံ ရဲ့နားထင်ကိုကျည်ထိပြီး နောက်စေ့ကနေကျည်ထွက်ကာ 

နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ် ..

အဖော်လိုက်လာတဲ့ ကောင်မလေးကို ငါတို့လုပ်တာလို့ ပြောကြည့်   

နင်ပါ အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ် ..

မပုံပုံလို အပြစ်မဲ့ ပြည်သူတွေကို tag နေတာတော်လှန်ရေးလား?  

သတင်းမီဒီယာသမားတွေဘယ်ရောက်ကုန်ပြီလဲ?

အဓမ္မ နဲ့ဓမ္မတဲ့

ဒါက ဓမ္မ ပေါ့ .. ဟုတ်လား?

ကြက်သားဒမြတိုက် 

ပိုက်ဆံတောင်းတော့မပေးဘဲ သေနတ်နဲ့ပစ်တာ ဓမ္မပေါ့ 😒

#KT

Post a Comment

Previous Post Next Post