နိဒါန်းမှာပင် နိဂုံးချုပ်နေတဲ့တော်လှန်ရေး

Views

ယနေ့ နိုင်ငံတစ်ဝှမ်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေရဲ့ မူလဇစ်မြစ်ကတော့ NLD ပါတီက စတယ်လို့​ပဲပြောရမယ် ..မဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကို ဥပဒေမဲ့စွာ မတော်မတရားရလိုမှုကြောင့် တပ်မတော်မှ မဖြစ်သာတဲ့အခြေအနေတစ်ခုမှာ နိုင်ငံတော်အာဏာကို လွှဲပြောင်းယူပြီး ထိန်းသိမ်းလိုက်ရတယ် ..

ဒီလိုတပ်မတော်အာဏာထိန်းကိုမကျေနပ်တဲ့NLD ထောက်ခံသူအချို့နဲ့ NLD ပါတီ ကိုယ်စားလှယ်ဟောင်းတွေပူးပေါင်းပြီး တောခိုခဲ့ကာ နိုင်ငံတစ်နှံ့တလျားမှာလည်း လက်နက်ကိုင်ပြီး တော်လှန်ရေးခေါင်းစဥ်တပ်ကာ အကြမ်းဖက်လုပ်ရပ်တွေ နေ့စဥ်ရက်ဆက်ဆိုသလို လုပ်ဆောင်နေကြပါတယ် ..

အချိန်ကာလကြာလာသည်နဲ့အမျှ လက်နက်ကိုင်တော်လှန်ရေးခေါင်းစဥ်အောက်မှာ တပ်မတော်ကြီးကနေမြဲအတိုင်းရှိနေပေမယ့်  တကယ်ဒုက္ခရောက်နေတာကတော့ ကြားထဲကပြည်သူတွေပဲဖြစ်ပါတယ် ..

သူတို့ပြောတဲ့ တော်လှန်ရေး အောင်/မအောင် မသိပေမယ့် ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို မကြိုက်တဲ့ NLD ကိုယ်စားလှယ်အချို့နဲ့  လက်တွေ့ တောခိုပြီး လွဲမှားနေတဲ့ အချက်တွေကြောင့် လက်နက်ဖြင့် အလင်းပြန်ဝင်လာသူတွေ နေ့စဥ်တွေ့မြင်နေရပါတယ် ..

ယခုဆိုလျှင်  အလင်း၀င်လာသူ ၂၅၀ ခန့်ရှိပြီး အဲဒီအထဲမှာမှ CRPH ခေါ် အကြမ်းဖက်အဖွဲ့စည်းထဲမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေပါ အလင်းဝင်လာကြပါတယ် ..

သူတို့အလင်းဝင်လာချိန် .. ဘာကြောင့်တောခိုတာလဲမေးတော့ 

"တပ်မတော် အာဏာထိန်းတာကို မကြိုက်လို့"


ဒါဆိုဘာကြောင့် အလင်းဝင်လာတာလဲလို့မေးတော့

"အချင်းချင်း ခေါင်းပုံဖြတ်ပြီး ဘာမှမသိတဲ့ လူငယ်တွေကို အသုံးချနေလို့"တဲ့


ကျွန်တော်ပြောနေတဲ့ ဒီအချက်တွေဟာ အရမ်းကာရောပြောနေခြင်းမဟုတ်ပါဘူး ... အလင်းဝင်လာတဲ့ ကိုယ်စားလှယ်တွေကို ကိုယ်တိုင်မေးပြီး တင်ပေးခြင်းသာဖြစ်ပါတယ်


ဆိုတော့

ဘယ်လိုတွေ ခေါင်းပုံဖြတ်နေလဲဆိုတော့ အကျယ်တဝံ့ရေးသားစရာမလိုပါဘူး Sicial Media တွေပါ်မှာ PDF တွေအတွက်အလှူခံတယ်ဆိုပြီးခေါင်းစဥ်တပ်ကာ လက်တွေ့မှာတော့ PDFတွေဟာ အလှူငွေရဲ့ အစွန်းတွက်လောက်တောင် ထောက်ပံ့မှုမရခဲ့ပါဘူး ...

ဘာကြောင့် ဒီငွေတွေမရလဲဆိုတော့ CRPH-NUG နှင့် အလှူခံသူအချို့ပဲ ရရှိလာတဲ့ငွေတွေကို လက်ဝါးကြီး အုပ်ထိန်းချုပ်ပြီး ကိုယ်ကျိုးအတွက် သုံးစွဲနေကြလို့ပါ  ..

ဒီကိစ္စနှင့်ပက်သက်ပြီးလည်း မြွေမြွေချင်း ခြေမြင်တော့  သူတို့အချင်းချင်း မကျေနပ်မှုတွေရှိလာပြီး ဖြုတ် / ထုတ် လမ်းစဥ်တွေ လုပ်လာကြတယ် ..

ဒီလိုနဲ့ ရိုးသားတဲ့ တော်လှန်ရေးသမားနဲ့ အသုံးချတဲ့ ကိုယ်ကျိုးသမားအဖြစ် အသီးသီးကွဲလာတဲ့အချိန်မှာ ရိုးသားသူအချို့ဟာ အလုပ်မဖြစ်တော့ဘူး ကိုယ်ကျိုးတွေပါနေပြီဆိုတာသိလာတဲ့အတွက်  နစကရဲ့ ပြန်လည်ကြိုဆိုရေး ကမ်းလှမ်းချက်ကို မယုံတစ်၀က်ယုံတစ်၀က် အလင်းဝင်ကြပါတယ် ..

ဒီလိုအလင်းဝင်လာသူတွေထဲမှာ  ပြည် ဘက်က NLD ကိုယ်စားလှယ်ဟောင်းတစ်ယောက်နဲ့  ဧရာ၀တီတိုင်းဘက်က NLD ကိုယ်စာလှယ်ဟောင်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ် ..

ယခုဆိုလျှင် အလင်းဝင်သူများဟာ ယုံကြည်မှုအပြည်အဝရရှိလာပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေချိန် မရိုးသားသူတွေကတော့ PDFတွေအတွက်ဟုဆိုကာ ခေါင်းစဥ်တပ် လုပ်စားကောင်းနေတုန်းပါ ..

အလင်း၀င်လာသူ NLD ကိုယ်စားလှယ်ဟောင်းအချို့ရဲ့ ​ထွက်ဆိုချက်တွေအရ နောက်ထပ်အလင်း၀င်လိုသူတွေ ကျန်ရှိနေသေးပြီး အခြေအနေတစ်ခု ဖန်တီးနိုင်ပြီဆိုပါက ဆက်သွယ်လာမည်ဖြစ်ကြောင်းလည်းသိရပါတယ် ..

ဘာပဲဖြစ်ဖြစ် ဒီလိုတွေကြားရတော့ ဝမ်းသာမိတာအမှန်ပါပဲ ..

ဒါကြောင့် အလင်းဝင်ဖို့ ကျန်ရှိနေသေးတဲ့သူတွေကိုလည်း အန္တရာယ်ကင်းစွာနဲ့အမြန်ဆုံးပြန်လာနိုင်ပါစေ 

ကွဲပြဲနေတဲ့လုပ်စားတော်လှန်ရေးခေါင်းစဥ်အောက်ကနေ အမြင်မှန်ရသူတွေ အမြန်ဆုံးရုန်းထွက်နိုင်ကြပါစေလို့ စေတနာရှေ့ထားဆုတောင်းပေးလိုက်ပါတယ်...


#မှိုင်းဝေ
#KT

Post a Comment

Previous Post Next Post