ရခိုင်ဖြစ်စဉ်နဲ့ အမေရိကန်တပ်မတော်ရဲ့ မိုင်လေ ရွာ ဖြစ်စဉ် နှိင်းယှဉ် သုံးသပ်ခြင်း

Views

ICJ မှာ လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိစ္စနဲ့ပတ်သက်လို့ ဝမ်းမနာသားတွေ တပ်ကို အရေးယူတော့မယ်၊ စစ်ဗိုလ်ချုပ်တွေကို အပြစ်ပေးတော့မယ်ဆိုပြီး ကြိတ်ဝမ်းသာနေကြတာကို ကြည့်ပြီး  ၁၉၈၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဗီယမ်နမ်စစ်ပွဲအတွင်းက ကမ္ဘာကျော် မိုင်လေရွာဖြစ်စဉ်လေးကို ခုရခိုင်ပြည်နယ်ကိစ္စနဲ့ ယှဉ်တွဲ ပြောပြချင်မိတဲ့စိတ်လေးဖြစ်မိတယ်။ 

အဲဒီမိုင်လေရွာဖြစ်စဉ်က ၁၉၈၆ မတ်လ ၁၆ ရက်နေ့မှာ ဗီယမ်နမ်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်။ တောင်ဗီယမ်နမ်နဲ့ မြောက်ဗီယမ်နမ်ဆိုပြီး နှစ်ပိုင်းကွဲနေချိန်မှာ အမေရိကန်တို့က နောက်ကွယ်ကနေ စစ်ရေးအရ ကူတိုက်ပေးခဲ့တဲ့ အချိန်ပေါ့။ စစ်ပွဲအတွင်းမှာ အမေရိကန် တပ်မတော်ရဲ့  ဗိုလ်ကယ်လီဟာ ဗီယမ်နမ် ရွာသားတွေကို ရွာလုံးကျွတ် ကလေး/လူကြီး မကျန် သတ်ဖြတ်ဖို့ အမိန့်ပေး သတ်ဖြတ်ခဲ့တယ်။ သူအမိန့်ပေးသတ်ဖြတ်ခဲ့တဲ့ လူဦးရေက ၅၀၀ နီးပါး ရှိခဲ့တယ်။ အဲဒီဖြစ်စဉ်ကို သုံးသပ်ရင် ဗိုလ်ကယ်လီ ကျူးလွန်ခဲ့တာက အမေရိကန်နိုင်ငံကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဗီယမ်နမ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကိုယ်တွေ မြန်မာနိုင်ငံလိုမျိုး  ARSA တပ်ဖွဲနဲ့ ဘင်တွေအတူ ပူးပေါင်းပြီးကိုယ့်နယ်မြေ၊ ကိုယ့်တိုင်းရင်းသားတွေအပေါ်မှာ  နယ်မြေကျူးကျော်သတ်ဖြတ်မှုကို  လက်တုန့်ပြန်ခဲ့သလိုမျိုး တောင်မဟုတ်ခဲ့ပါဘူး။

လူဦးရေ  ၅၀၀ နီးပါးကို ရွာလုံးကျွတ်သတ်ဖြတ်ခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားပါတယ်ဆိုတဲ့ အမေရိကန်တပ်မတော်က တာဝန်ရှိတဲ့ ဗိုလ်ကယ်လီကို  အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တသက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ပြစ်ဒဏ်အယူခံဝင်နေစဉ်ကာလအတွင်းမှာပဲ အမေရိကန် သမ္မတ နစ်ဆင်က  ထောင်ဒဏ် တသက်ကနေ ထောင်ဒဏ် အနှစ် ၂၀ အထိ လျော့ပေါ့ပေးခဲ့တယ်။ နောက်ဆုံး ၁၉၇၄ ခုနှစ် ၊ (၈)နှစ်အကြာမှာတော့  ထောင်ဒဏ် (၁၀)နှစ်နဲ့ စက်တင်ဘာ လမှာတော့ ခံဝန်ချက်နဲ့ တရားသေ လွှတ်မြောက်လာခဲ့တယ်။ 

ပြောချင်တာက  မြန်မာမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဟာ ကိုယ့်တိုင်းပြည်ပေါ်မှာနေထိုင်တဲ့  တိုင်းရင်းသားနယ်မြေကို ကာကွယ်ရင်းနဲ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်တယ်လို့ ဘယ်လိုပဲ စွပ်စွဲနေပါစေ ရခိုင်ပြည်နယ်၊ မောင်းတောဘက်တခြမ်းမှာ လူဦးရေသန်းနဲ့ချီတဲ့ ဘင်္ဂလီတွေ နေထိုင်ပါသေးတယ်။ ဆိုလိုတာက တပ်မတော်က လူမျိုးသုန်းသတ်ဖြတ်တယ်ဆိုရင် ဒီဒေသ၊ ဒီနယ်မြေမှာ ဘင်္ဂလီတွေ ဆက်ပြီးနေထိုင်နေစရာ အကြောင်းမရှိပါဘူး။  ICJ မှာ တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လုပ်ရပ်ဟာ OIC ရဲ့ အာဂျင်ဒါ ဇာတ် ညွှန်းအတိုင်း နိုင်ငံတကာစာမျက်နှာပေါ်မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံအတွက် ပုံရိပ်ဆိုးတစ်ခုအဖြစ်နဲ့ ပုံဖော်ရုံသက်သက်ပါပဲ။ 


နောက်ဆုံး တရားရုံးအနေနဲ့ လုပ်နိုင်တာက ရခိုင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို လူမျိုးတုန်းသတ်ဖြတ်မှုလို့ နိုင်ငံတကကာသိအောင် ပုံဖော်မယ်။ နိုင်ငံတော်ခေါင်းဆောင်နဲ့  တပ်မတော်ခေါင်းဆောင်တွေကို ဆန်ရှင်ချမှတ်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နောင်တချိန်မှာ ဘင်္ဂလီအရေးကိစ္စနဲ့ပတ်သက်လာရင် ဘယ်နိုင်ငံမှထိခွင့်မရ အောင်  မြန်မာနိုင်ငံကို စတေးပေးလိုက်တယ်လိုပဲ ကိုယ်တော့မြင်မိတယ်။  ဒီတော့ စစ်တက္ကသိုလ် ကျောင်း အုပ်ကြီး(ဟောင်း)ပြောဖူးတဲ့ စကားတခွန်းကိုပဲ ကိုယ်က ထပ်ပြီးတင်စားပါ့မယ်။ ကိုယ့်နိုင်ငံကို ကျူးကျော်စော်ကားတဲ့သူတွေကို တွန်းလှန်တိုက်ထုတ်တဲ့နေရာမှာ၊ ကိုယ့်နိုင်ငံသားတွေကို  တပ်မတော်အနေနဲ့ ကာကွယ်ပေးတဲ့ နေရာမှာ ဘယ်ဥပဒေမှ တားဆီးပိတ်ပင်ထားတာ မရှိပါဘူး။ 

#ဖိုးစီ
#KT

Post a Comment

Previous Post Next Post