ကရင်ပြည်နယ်ထဲမှာ ဗိုလ်လုကြပြီလား?

Views

စောနယ်ဒါးမြရဲ့ ကရင်-မြန်မာ ပြည်သူ့တပ်မတော်ရယ်လို တစ်စင်ထောင်ဖွဲ့စည်းပြီး အချိန် ၂ ရက် မပြည့်ခင်မှာပဲ နယ်ဒါးမြရဲ့ တပ်မတော်နဲ့ KNU တပ်မဟာ ၄ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့ ထားဝယ်-ထီးခီးလမ်းပေါ်က ဆင်ဖြူတိုင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း သိရပါတယ်. ကော်သူလေးတပ်မတော်နဲ့ နွေဦးပြောက်ကျားအဖွဲ့တို့ စစ်ကြောင်းချီတက်လာတဲ့ အချိန်မှာ KNU တပ်မဟာ ၄ က တိုက်ခဲ့တာဖြစ်ပြီး နွေဦးပြောက်ကျားအဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ၁၅ မိနစ်ကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း နွေဦးပြောက်ကျားအဖွဲ့ ပြန်ကြားရေးမှ ဇူလိုင်လ ၁၉ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်

နယ်ဒါးမြ အနေနဲ့ ကော်သူလေးတပ်မတော်ဖွဲ့စည်းခါစ ပထမဦးဆုံး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးတိုက်ပွဲအား KNU ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်

KNU အနေဖြင့် နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်လုပ်လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နယ်ဒါးမြမှာလည်း KNU မှာ သြဇာရှိတဲ့သူဖြစ်ခဲ့ပြီး ယခုလို KNU ကိုသစ္စာဖောက်ခါခွဲထွက်ခဲ့လို့နောက်ထပ်တိုက်ပွဲများ ဖြစ်လာနိုင်ပါတယ်


လင်းနေ

Post a Comment

Previous Post Next Post