ကော်သူး‌လေတပ်မတော်ရဲ့ သရုပ်အမှန်

Views


စောနယ်ဒါးမြရဲ့ ကော်သူးလေတပ်မတော်ဆိုတာ ကရင်အချင်းချင်း အကွဲအပြဲကနေ ပေါ်ထွက်လာတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသစ်ပါပဲ…


အသစ်ဆိုပေမဲ့ လူတွေကတော့ အဟောင်းဖြစ်ပြီး လူ ၂၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့လို့ KNU ကထုတ်ပယ်ထားတဲ့ နယ်ဒါးမြ ဦးဆောင်ပြီး မိန်းမ၊ ငွေကြေးရှုတ်ထွေးမှုနဲ့ ခြံသုံးခြံခုန်တဲ့ သစ္စာဖောက် စောစလုံးနဲ့ နောက်လိုက်များ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်… 


အဲဒီအဖွဲ့မှာ အသုံးချခံတွေကတော့ တောထဲရောက် ဗမာလူငယ် PDF လေးတွေဖြစ်ပြီး လက်နက်၊ ခဲယမ်း မပြည့်မစုံနဲ့ NUG အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးမှုများကြောင့် ဘဝ ပျက်နေကြသူများ မြင်တွေ့ရမှာဖြစ်ပါတယ်…


ကော်သူလေးတပ်မတော်ရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်တိုက်ဖျက်ရေးအကြောင်းပြပြီး NCA ကို မျက်ကွယ်ပြု လက်နက်ကိုင်လမ်းစဉ်ကို KNU အဖွဲ့က ခွဲထွက် ရပ်တည်ဆောင်ရွက်ရေးလို့ သိရပါတယ်…


နှစ်ပေါင်း ၇၀ ကျော် မအောင်မြင်တဲ့ လက်နက်ကိုင် လမ်းစဉ်ကို အခုမှထပြီး လုပ်သလိုလို ကြွေးကြော်မှုရဲ့ နောက်ကွယ်မှာ NUG နဲ့ ပြည်ပအထောက်အပံ့တွေကြောင့် ဖြစ်နေတာ ထင်ရှားစွာမြင်တွေ့ရမှာဖြစ်ပါတယ်…


မိခင် KNU အဖွဲ့က လက်မခံကြောင်း စာထုတ်ပြန်ခဲ့ပေမဲ့ KNU နယ်မြေထဲမှာပဲ သူ့ကိုယ်သူ စစ်ဦးစီးချုပ်ဆိုပြီး တစ်စင်ထောင်နေတဲ့ ဗမာမုန်းတီးရေးစိတ်ပြင်းထန်တဲ့ နယ်ဒါးမြရဲ့ နောက်ကွယ်က ဆရာကြီးကတော့ ဗမာလူမျိုး အများစုကြီးစိုးထားတဲ့  NUG အဖွဲ့ဖြစ်နေတာ သတိပြုမိကြမယ်ထင်ပါတယ်…


NUG က PDF ဆိုပြီး လက်နက်ကိုင်အဖွဲ့ထူထောင်ခဲ့ပေမဲ့ လက်နက်ကိုင်အတွေ့အကြံမရှိ သမိုင်းအစဉ်အလာမရှိတဲ့ အကြမ်းဖက်အဖွဲ့သာသာဖြစ်နေလို့ အစဉ်အလာနဲ့ သမိုင်းကြောင်းရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လိုအပ်ချက်အရ နယ်ဒါးမြကို အသုံးချနေသလို နယ်ဒါးမြကလည်း KNU အဖွဲ့ရဲ့ ထုတ်ပယ်မှုအပေါ် တုံ့ပြန်နိုင်ဖို့ နိုင်ငံရေးနဲ့ ပြည်ပအထောက်အပံ့ရဖို့ NUG ကို အသုံးချနေခြင်းပဲဖြစ်ပါတယ်….


ဒါ့ကြောင့် ကော်သူလေးတပ်မတော်ဆိုတာ သင်းကွဲအုပ်စုအနေနဲ့ လူမျိုးရေးအရ သဘာဝမတူညီတဲ့ NUG ကို ပူးပေါင်းပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ကရင်ပြည်နယ်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးမဲ့ ပြည်ပဩဇာခံအဖွဲ့အစည်းသာဖြစ်ပါတယ်…


သန္ဓေမမှန်၊ သစ္စာဖောက်များနဲ့ စုစည်းထားတဲ့ အဖွဲ့ဖြစ်လို့ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲဆိုတာ စိတ်ဝင်စားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်…

#KT

=====


































Post a Comment

Previous Post Next Post