ဆုကြေးငွေချီးမြှင့်မြှောက်စားပါမည်

Views

ဖော်ပြပါသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအား နှောင့်ယှက်ဖျက်ဆီးရန် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်နေသူများဖြစ်ပါသည်။ သို့ဖြစ်၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့၏မိသားစုများ၏ နေရပ်လိပ်စာ သတင်းအချက်အလက်များအား တိကျစွာ သတင်းပေးပို့နိုင်သည့် မည်သူကိုမဆို သတင်းတိကျမှုနှင့် တန်ဖိုးရှိမှုအပေါ်မူတည်၍ ဆုငွေထိုက်တန်စွာ ချီးမြှင့် သွားပါမည်။

သတင်းပေးပို့သူ၏ အချက်အလက်များအား အထူးလျှို့ဝှက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်း/ပြည်ပနေရပ် လိပ်စာပေါ်မူတည်၍ ဆုကြေးငွေအား သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးဖြင့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်နေထိုင်သူဖြစ်ပါက ထိုင်းဘတ်ငွေဖြင့်လည်းကောင်း၊ အမေရိကန်နိုင်ငံတွင်နေထိုင်သူဖြစ်ပါက အမေရိကန်ဒေါ်လာဖြင့် ဆုကြေးငွေချီးမြှင့်မည်ဖြစ်ပါသည်။ ပြည်ပတွင်နေထိုင်သည့် အကြမ်းဖက်သမားများအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာရဲတပ်ဖွဲ့တို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့်သော်လည်းကောင်း၊ နိုင်ငံရဲတပ်ဖွဲ့ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ညှိနှိုင်းမှုဖြင့်လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်း - 09427189358 (စုံစမ်းစစ်ဆေးရေးအရာရှိ)
#KT



=====






Post a Comment

Previous Post Next Post