အကြမ်းဖက်သမား ၂ ဦး ဖမ်းဆီးရမိ

Views

ဇူလိုင်လ ၂၀ရက်နေ့ က ကျိုက်ထိုမြို၊တောင်သူစုရပ်၊ ရှမ်းစျေးရှေ့တွင် အကြမ်းဖက်အားပေးတစ်ဦးအား  ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

တရားခံမှာ ကျိုက်ထိုမြိုနယ်၊ မိုးဘောကျေးရွာတွင် နေထိုင်သူ အောင်မျိုးမင်း (၂၈)နှစ်ဖြစ်ပြီး ဖမ်းဆီးရမိ တရားခံအား စစ်ဆေးမေးမြန်းချက်အရ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) သို Drone သင်တန်း တက်ရောက်မည့် သင်တန်းသားဖြစ်ကြောင်းနှင့် ထောက်ပိုတာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရှိရပါသည်။

အောင်မျိုးမင်း ၏ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူထောက်ပိုလုပ်ကိုင်နေသူ သီဟ(ခ) ကိုထွဋ် (၄၀) နှစ် ကျိုက်ထိုမြိုနယ်၊ မိုးဘောကျေးရွာ နေထိုင်သူအား ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။


လင်းနေ





Post a Comment

Previous Post Next Post