စစ်ရှုးလာတာနဲ့အမျှ
ယူကရိမ်းထိပ်ပိုင်းအဆင့်ကြားမှာ
သံသယများစွာနဲ့
အကွဲအပြဲဇာတ်လမ်းစတတ်တာ
သဘာဝပါပဲ၊
ယူကရိမ်းစစ် ပထမပိုင်း
ဗျူဟာအမှားကြောင့်
ရုရှားဖက်က အထိနာတဲ့အချိန်
ထိုင်ခုံလှုပ်နိုင်တယ်နော်လို
သတိပေးပြီး မကြာခင်မှာ
UK အခြေစိုက် Mail online က
ပူတင့်အတွင်းစည်းမှာ လှုပ်ခတ်နေပြီလို
ဖိရေးခဲ့တာမှတ်မိပါသေးတယ်၊
နောက်ပိုင်း စစ်ဆင်ရေးဗျူဟာ
ပြောင်းလဲခဲ့ပြီး ရုရှားဖက်က
ဖြည်းဖြည်းချင်း စီးလာ တော့
ယူကရိမ်းအစိုးရအဖွဲအတွင်း
လှုပ်ခတ်မှုက ဖြစ်လာပါလေရော၊
နိုင်ငံတိုင်းမှာ တန်ခိုးဩဇာ
ကြီးလေ့ရှိတဲ့ ရာထူးကြီး (၂) နေရာက
ထိပ်တန်းသူ (၂) ဦးကို ဇလန်စကီးက
ဖြုတ်ပစ်လိုက်တာတွေ့ရတယ်၊
- ရှေ့နေချုပ်ရာထူးက Iryna Venediktova
- လုံခြုံရေးအကြီးအကဲ Ivan Bakanov
တိုဖြစ်ပါတယ်၊
ယူကရိမ်းအတွင်းစည်း
စတင်ပြိုကျတယ်လို ခန့်မှန်းလိုရပါမယ်။
............
ခေါင်းဆောင်ဆိုတာ
အောင်မြင်အောင်လုပ်နိုင်ရင်
ယုံကြည်လေးစားမှု ပိုခံရသလို...
အောင်မြင်အောင် မလုပ်နိုင်ရင်လဲ
သူ့အတွက် အန္တရာယ်ပြန်ရှိလာတာ
သဘာဝဖြစ်နေပြန်ပါတယ်၊
ဇလန်စကီးအတွက်
Graceful exit လား
Graceless exit လား
Uneven exit ဖြစ်လာမလား ?
NayZinLatt ( 18.7.22 )
#KT