ပါကစ္စတန်သို့ မြန်မာများလာရောက်လည်ပတ်ရန် ဖိတ်ခေါ်

Views

ပါကစ္စတန်နိုင်ငံထဲက ဗုဒ္ဓသာသာနာ ထွန်းကားပြန့်ပွားတဲ့ဒေသတွေကို မြန်မာနိုင်ငံက ရဟန်းတွေနဲ့ ခရီးသွားတွေ လာရောက်လည်ပတ်မယ်ဆိုရင် အဆင်ပြေပြေသွားနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အင်မရန်းခန်းကပြောပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး ကပြုလုပ်တဲ့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာမိတ်ဆက်ပွဲမှာ ဗိုလ်မှူးကြီး အင်မ ရန်းခန်းက အခုလိုပြောကြားလိုက်တာပါ။

ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓသာသာနာထွန်းကားပြန့်ပွားတဲ့ သမိုင်းဝင်နေရာတွေ အများအပြားရှိပြီး ရှေးဟောင်းသမိုင်း ဝင်အဆောက်အအုံတွေကို လေ့လာနိုင်စေဖို့ မြန်မာပြည်သူတွေကို ဖိတ်ခေါ်တာဖြစ်တယ်လိုဆိုပါတယ်။ 

ရဟန်း/ သံဃာတော်တွေဆိုရင် လေယာဉ်လက်မှတ်လောက်ပဲ ကုန်ကျမှာဖြစ်ပြီး ပါကစ္စတန်ကိုရောက်ရင် သွာ းရောက်မယ့် Package Tourတွေကို သံရုံးက စီစဉ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ပါကစ္စတန်က ရှေးဟောင်းဘုရား၊ စေတီတွေနဲ့ အဆောက်အအုံတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာရဟန်းတွေ တစ်နှစ်ကို လေးသောင်းလောက် လာရောက်လည်ပတ်ကြတယ်လို့လည်း သိရပါတယ်။

Crd
#KT

Post a Comment

Previous Post Next Post