အမဲလိုက်ခွေး

Views

PDF တွေရဲ့ အကြောင်းပြချက်က တော်လှန်ရေးတဲ့ ။

တကယ်လက်တွေ့ဖြစ်နေတာ EAOs တွေရဲ့ ခိုင်းဖတ်သာသာပါပဲ ။

ဘာကြောင့်လဲPDF ဆိုတာ KIA/KNU တွေရဲ့အောက်မှာနေပြီး ပေးတာ ယူ၊ ကျွေးတာ စား၊ ထားရာ နေ ဘဝပါ။ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေး တွေနဲ့တူပါတယ်။

အမဲလိုက်ခွေးဆိုပြီး အထင်မကြီးလိုက်နဲ့ .. အမဲလိုက်ခွေးတွေဟာ အမဲလိုက်ဖို့အတွက် သခင်ဖြစ်သူ စ်ညကြိုပြီးစ်ရက်ကြိုပြီး အစာမကျွေးဘဲ အငတ်ထားတယ် ..

သခင်နဲ့အတူ တောလိုက်တော့ ဗိုက်ကဆာ ဒေါသကလည်းဖြစ်နေတာ့ သားကောင်ရဲ့အနံ့ရတာနဲ့ ဘယ်သူ့ကို စိတ်နာရမှန်းမသိတဲ့စိတ်က သခင်အားကိုးနဲ့ တွေ့သမျှသားကောင်ကို သတ်ပုတ်ဖမ်းဆီးတော့တယ် ..

သားကောင်ရတော့ သူ့သခင်ကသူ့ခေါင်းကိုပွတ်ပေးလိုက်တယ်.. အမဲလိုက်ခွေးက ကျေနပ်လွန်းလို့ ဗိုက်အဆာပျောက်သွားတယ်......

သူ့သခင်က သူကြောင့်ရတဲ့အမဲကောင်ကို ကောင်းကောင်းချက်ပြုတ်စီမံတယ် ..  နေ့ဖိုညစာထားတယ်......သူ့သခင်ကိုကြည့်ပြီး ပျော်နေတယ် ...

ဒီလိုနဲ့ သခင်စားသောက်ပြီးတဲ့အခါ သူ့အတွက် အရိုးတွေကို ပစ်ပေးလိုက်တာကို ဟန်ကျပန်ကျနဲ့အမြီးနှံပြီး စားတယ်.....

===

အမဲလိုက်တောခွေးနဲ့ PDF တူညီတဲ့အချက်က အဲ့ဒါပဲ ..

လောကမှာ သူ့လောက်စိတ်ချမ်းသာတဲ့ ခွေးမျိုးမရှိဘူးလို့ ထင်နေရှာတယ်......

သူ့သခင်က သူကြောင့်စီးပွါးတွေဖြစ်နေပေမယ့် သူကတော့  ဒုံရင်းကဒုံရင်းပါပဲ ..

သူလိုက်ဖမ်းသတ်ပုတ်ပေးခဲ့ အမဲကောင်တွေတောကောင်တွေ ဘယ်လောက်တောင်များလည်းလို့ သူတို့ခဗျာ       မမှတ်မိနိုင်တော့ဘူး ....

အမှန်က သူအစာငတ်ခဲ့ရတဲ့ ရက်တွေနဲ့အတူတူပါပဲ သူမသိလို့ ....

ဒီလိုနဲ့ တစ်ရက်.. သခင်ကိုမျက်နှာလုပ်ချင်ဇောနဲ့ တောဝက်ကို ဝင်အလုံးမှာ ဝက်ပက်ခံရပြီးအသက်ထွက်သွား     ခဲ့တယ်....

သေမှတော့ ဘာမှသုံးစားမရတာ .. သခင်က တောထဲမှာပဲ ပစ်စလက်ခတ် ပစ်ထားခဲ့လိုက်တယ် ..

 

အဲဒီလို.....

အမဲလိုက်ခွေးရဲ့လုပ်ဆောင်မှုတွေအတွက် သူ့သခင်က သူ့ကို ဘာနစ်နာကြေးမှ မပေးတဲ့အပြင် ဘာမှဂုဏ်ယူစွာလည်း လူကြားထဲ မပြောပါဘူး......

ဒီလိုနဲ့ သူ့သခင်ဟာ နောက်ထပ်ခိုင်းလို့ရမယ့် အမဲလိုက်ခွေးကိုထပ်မွေးပြီး .....အရင်ခွေးကို သတိတောင်ရဖို့စိတ်ကူးတောင် မရှိခဲ့ဘူး......

ဒီလိုပဲ 👇

ချို့လူတွေဟာ ......ဘယ်သူ့ကြောင့်  ဆာလောင်ခဲ့ရလဲမသိဘဲ အမဲလိုက်ခွေးတွေလို သခင်ကြီး ပွားဖို့အတွက် ခွေးစိတ်ထက်နိမ့်တဲ့စိတ်ဓာတ်တွေနဲ့ လုပ်ရပ်ဆိုးတွေကို လုပ်နေကြတယ်.....အရိုးလေးကိုက်ရရုံနဲ့  ဘဝမှာ သာယာနေကြတယ်.....

PDF တွေ အမြန်ဆုံး အမြင်မှန်တွေရဖို့တော့လိုပါပြီ

#KT

Post a Comment

Previous Post Next Post