(၁၃)ကြိမ်မြောက် အစည်းအဝေးမှသည် အကြမ်းဖက်မှု ချုပ်ငြိမ်းရေးဆီသို့

Views

ဇူလိုင် (၂၁/၂၂)ရက်နေ့များမှာ (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစည်း အဝေးကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ ..

အစည်းအဝေးကို မြန်မာနဲ့ ရုရှားနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများအားလုံးနဲ့ တရုတ်နိုင်ငံတို့ တက်ရောက်ခဲ့ကာ နယူးဇီလန်၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ တက်ရောက်ခဲ့ခြင်းမရှိပါ ..

အစည်းအဝေးမှာ -                                                                                                                                       မတက်ရောက်တဲ့ နိုင်ငံတွေကို အကြမ်းဖက်အားပေးနေတဲ့ သဘောသက်ရောက်နေကြောင်း မြန်မာနိုင်ငံက ထောက်ပြဆွေးနွေးခဲ့ပြီး ရုရှားနဲ့ တရုတ်ကတော့ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းရှိ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ပံ့နေကြောင်း၊ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာဖြစ်လို့ အာဆီယံနိုင်ငံများအနေဖြင့် သတိကြီးစွာ ဝိုင်းဝန်းတားဆီးဖို့လိုတယ်ဟု ပြောကြားခဲ့ပါတယ် ..

ဒါ့အပြင် နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ရယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်သမားတွေ ဒေသတွင်းမှာ ခြေကုပ်မယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြမယ့် နည်းလမ်းတွေကိုလည်း ဒီအစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံတွေက မိမိတို့ရဲ့ အတွေ့အကြုံများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်

ပြောချင်တာကတော့ 👇

အမေရိကန်ဦးဆောင်တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ဝါဒတွေကို ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ မထောက်ခံကြောင်း ယခုအစည်းအဝေးက သက်သေသာဓက ပြလျက်ရှိပါတယ်ခင်ဗျာ။

#KT



Post a Comment

Previous Post Next Post