မေ့နေမှာ စိုးလို့ပါ

Views

မြန်မာတွေက အထူးသဖြင့် ဗမာတွေက သိပ်ပြီး အတိတ်မေ့တက်လွယ်လွန်းတယ်။ ဟိုတလောက စောဘိုမြရဲ့ ဒုတိယမြောက်သား နယ်ဒါးဘိုမြ ဦးဆောင်တဲ့ ကရင်ပြည်သူ့တပ်မတော် (KAWTHOOLEI ARMY)ဖွဲ့ စည်းတယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ အဲ့ဒီသတင်းအောက်မှာ ဗမာ အများစု၊ အထူးသဖြင့် နီပေါ အများစုက "ကြိုဆိုပါတယ်၊ အောင်မြင်ပါစေ "ဆိုတဲ့ ကွန့်မန့်တွေ တော်တော်များများမန့်နေကြတာကို  တွေ့မိလိုက်တယ်။ 😉

မေ့နေကြမှာစိုးလို့ပါ။ KNDO ခေါင်းဆောင် နယ်ဒါးမြဆိုတာ ကရင်ပြည်နယ်၊ ဝေါလေမြို၊ ကနဲလေးကျေးရွာနဲ့ မော်ခီးကျေးရွာကို ဆက်သွယ်မယ့် အူးဟူးချောင်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ထဲက အရပ်သား ၂၅ ဦးကို အကြောင်းပြချက်မရှိဘဲ  ၂၀၂၁ ခုနစ် ဇွန်လ ၁၃ ရက်နေ့က သတ်ဖြတ်ခဲ့လို့ KNU ကနေ ဇန်နဝါရီ ၁၇ ရက်နေ့မှာ တာဝန်ကရပ်ဆိုင်းပြီး တရားဝင် ထုတ်ပယ်ခြင်းခံရသူဆိုတာကို မမေ့ကြဖို့လိုတယ်။ အဲ့ဒီလမ်းတံတားတည်ဆောက်ရေးမှာပါတဲ့  အမျိုးသမီးနဲ့ကလေး အပါအဝင် ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ယောကျ်ားသား ၂၅ ဦးကိုတော့ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်။ 

လက်ရှိ ကော်သူလေး တပ်မတော်ကို တည်ထောင်တယ်ဆိုတာ လူသတ်ထားတဲ့ နယ်ဒါးမြတိုအနေနဲ့ ဥပဒေလမ်းကြောင်းရပ်တည်မှုအရ KNU နဲ့ပေါင်းလို့ မရတာက တစ်ကြောင်း ၊ နောက်ကွယ်က ပံ့ပိုးနေတဲ့ CIA ကြောင့် ဒေါ်လာမျက်နှာနဲ့ တိုက်ကွက်တွေ ဖော်ဆောင်ဖို့လိုနေတာက တကြောင်း အတွက်သာ သီးခြားခွဲထွက်ပြီး တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ ပြောချင်တာက ကရင်ပြည်နယ် ဝေါလေမြို့အနီးက လမ်းတံတားတည်ဆောက်ရေးလုပ်နေတဲ့ ဗမာလုပ်သားတွေကို လူမျိုးကြီးခွဲခြားလိုတဲ့ စိတ်သက်သက်နဲ့ သတ်ဖြတ်ခဲ့သလို ခုချိန်ထိလည်း အရေးယူခြင်းမခံရတဲ့ နယ်ဒါးမြကိုမှ " အောင်မြင်ပါ‌စေ၊ ကြိုဆိုပါတယ်"ဆိုတော့ ။ 

မင်းတို နီပေါဗမာတွေက သောက်ရှက် တစက်လေးမှ မရှိဘူးလားလိုပဲ မေးချင်လွန်းလိုပါ။ 😌😌😌

#ဖိုးစီ
#KT

Post a Comment

Previous Post Next Post