အထူးသတိပြုရမည့် နောက်ကွယ်က လက်မဲကြီးများရဲ့ အစီအမံ

Views

နိုင်ငံရေးပဋိပက္ခများကနေတစ်ဆင့် တဖြည်းဖြည်း အသွင်ကူးပြောင်းလာတဲ့ အကြမ်းဖက်လုပ်ရပ်တွေက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်လျက် ရှိပါတယ်။ အထူးသဖြင့် NUG အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားမှုရဲ့ နောက်ဆက်တွဲ အကျိုးရလာဒ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ တိုက်ပွဲကြီး/ငယ်များပြန်လည်ဖြစ်ပွားလာသလို ယခင်က အဖြူရောင်နယ်မြေဖြစ်ခဲ့တဲ့ နယ်မြေဒေသအချို့မှာလည်း PDF အဖွဲ့များနဲ့ နေ့စဉ်နီးပါး ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ ဒီလိုထိတွေ့တိုက်ခိုက်မှုတွေကြောင့် ယခင်က တည်ငြိမ်အေးချမ်းခဲ့တဲ့ မြို့ရွာအချို့က ပြည်သူတွေအနေနဲ့ နေ့စဉ်လူမှုဘဝ ပတ်ဝန်းကျင်မှာ အနိဌာရုံများကြုံတွေ့နေရပြီး မလုံခြုံမှု၊ စိုးရိမ်ကြောင့်ကြမှုများနဲ့ ဖြတ်သန်းနေကြရပါတယ်။


အဆိုးဆုံးကတော့ NUG အဖွဲ့ရဲ့စေခိုင်းချက်အရ PDF အမည်ခံအကြမ်းဖက်သမား များက “ငါနဲ့မတူ ငါ့ရန်သူ” မူအရ သူတို့ကို မထောက်ခံသူတွေကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်နေကြခြင်းဖြစ်ပြီး ဒီလိုသတ်ဖြတ်ရတဲ့ရည်ရွယ်ချက်က ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူတို့ကိုထောက်ခံလာအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ ဒီလိုအကြောက်တရားနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားဆောင်ရွက်ခြင်းရဲ့ အကျိုးဆက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ အပြစ်မဲ့အရပ်သားပြည်သူ ယောကျ်ား၊ မိန်းမ၊ ကလေး၊ ဆရာ/ဆရာမများနဲ့ ဘုန်းကြီး/သီလရှင်ပါမကျန် နေ့စဉ်လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ကို မထောက်ခံသူတွေကို ဒလန်အဖြစ် စွပ်စွဲပြီးရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်မှုတွေဟာ လူထုကို အကြောက်တရားနဲ့ စည်းရုံးခဲ့တဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နည်းနာတွေနဲ့ တစ်ထပ်တည်းကျနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။


အခုအချိန်မှာတော့ ဒီလိုနည်းလမ်းအမှား၊ လမ်းစဉ်အမှားနဲ့ ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်ပျက်စီးစေတဲ့လုပ်ရပ်တွေကြောင့်လည်း NUG အဖွဲ့ကို ပြည်သူလူထုရဲ့ ရွံရှာမုန်းတီးမှုက ကြီးမားလာခဲ့ပါတယ်။ ဥကရစ်ထတိုက်ပွဲမအောင်မြင်မှု၊ မြို့ပေါ် PDF အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဖမ်းခံရမှု၊ ငွေကြေးကောက်ခံမှုနဲ့ အလွဲသုံးစားမှုတွေကြောင့် NUG အဖွဲ့ဝင်တွေ အချင်းချင်းသဘောထားကွဲလွဲမှု၊ PDF အဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက အနိုင်ကျင့်အသုံးချပြီး ဖိနှိပ်နေမှု၊ တော်လှန်ရေးရန်ပုံငွေ ကောက်ခံရရှိမှု သိသိသာသာလျော့နည်းလာတာတွေက NUG အဖွဲ့ရဲ့ ကျဆုံးခန်းကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ မြို့ရွာအသီးသီးမှာ လှုပ်ရှားနေတဲ့ PDF တွေကို လည်း ပြည်သူလူထုက လက်မခံတော့ဘဲ သတင်းပေး ဝိုင်းဝန်းဖမ်းဆီးမှုတွေ များလာ လို့ PDF တွေဖမ်းဆီးခံရမှုများနေတာ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှုတိုးတက်လာတာတွေ ကလည်း  NUG နဲ့ PDF တွေရဲ့ ကျဆုံးခန်းကို ထင်ရှားစွာသက်သေပြနေပါတယ်။


NUG အဖွဲ့ရဲ့ နာမည်လှလှလေးပေးထားတဲ့ “နွေဦးတော်လှန်ရေး” ဆိုတာက စပြီးတာထွက်လာကတည်းက ပြည်သူလူထုကို အလိမ်အညာတွေ၊ မျှော်လင့်ချက် အမှား (False Hope) တွေပေးပြီး စတင် တာထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၂ ရက်ပဲ တောင့်ခံထားပါ၊ ငါတို့နိုင်နေပြီ၊ နိုင်ငံတကာတပ်တွေလာတော့မယ်၊ ၂ လအတွင်း အဆုံးသတ်တော့မယ်၊ ရက် ၁၀၀ အတွင်းပြီးဆုံးတော့မယ် စသဖြင့် လူထုကို မဟုတ် မမှန်ကြွေးကြော်သံတွေနဲ့ လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ ဒီလိုဝါဒဖြန့်ချိမှုတွေ ကို ပြည်သူလူထုသာမက၊ NLD ပါတီဝင်တွေနဲ့ NLD ထောက်ခံသူများ ကိုယ်တိုင် နားလည်လာကြပြီဖြစ်ပါတယ်။ NUG ရဲ့ အကြမ်းဖက်လမ်းစဉ်နဲ့ PDF တွေရဲ့ ဖရိုဖရဲ ပရမ်းပတာ လူသတ်အကြမ်းဖက်နေမှုတွေကိုလည်း ကိုယ်တွေ့သိမြင်လာကြပြီ ဖြစ်ပါ တယ်။


ဒါကြောင့် အခုအချိန်မှာ အဖက်ဖက်က အားနည်းလာနေပြီဖြစ်တဲ့ NUG နဲ့ PDF အဖွဲ့တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေးနဲ့ အကြမ်းဖက်မှုတွေ အရှိန်မလျော့ကျစေရေး အတွက် နောက်ကွယ်က လက်မဲကြီးများက လှုံ့ဆော်မှု (၂) ခုကို စီစဉ်ကြိုးကိုင်နေကြ ပါတယ်။ လှုံ့ဆော်မှုအတွက် အဓိကအသုံးချနေတာကတော့ အများသိပြီးဖြစ်တဲ့ ဆိုရှယ် မီဒီယာများပဲဖြစ်ပါတယ်။

ပထမလှုံ့ဆော်မှုကတော့ အကြမ်းဖက်လူသတ်ဗုံးခွဲမှုတွေကြောင့် သေဒဏ်စီရင် ခံရတဲ့ တရားခံ (၄) ဦးကို နိုင်ငံရေးသူရဲကောင်းအဖြစ်ပုံဖော်ပြီး လူထုကြားထဲ သနား စိတ်တွေ၊ မခံချင်စိတ်တွေဖြစ်လာအောင် လှုံ့ဆော်နေတာဖြစ်ပါတယ်။ ဒီလိုလှုံ့ဆော်တဲ့ နေရာမှာ အနောက်အုပ်စုကြိုးကိုင်ထားတဲ့ ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်း များက တစ်ချိန်တည်းတစ်ပြိုင်တည်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။ နစကအစိုးရကို ပြည်သူလူထုက နာကျည်းမုန်းတီးလာအောင် မီးစတစ်စအနေနဲ့ အသုံးချပြီး မီးမွှေးပေး နေပါတယ်။ တကယ်တော့ ဒီတရားခံ (၄) ဦးဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး ခံရတာမဟုတ်သလို ချမှတ်ခဲ့တဲ့ပြစ်ဒဏ်ကလည်း နိုင်ငံရေးပြစ်မှုမဟုတ်ပါဘူး။ တရား စီရင်ရေးမဏ္ဍိုင်ရဲ့ တည်ဆဲဥပဒေတွေအရ သူတို့လုပ်ခဲ့တဲ့  အကြမ်းဖက်လုပ်ရပ်တွေ အပေါ် ဥပဒေနဲ့အညီသာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီသာ ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုအကြောင်းတရားမှန်ကို ဖုံးကွယ်ပြီး တရားစီရင်မှု အပေါ်အမြတ်ထုတ်ကာ သူတို့တော်လှန်ရေးအရှိန်ကျမသွားအောင် အမြတ်ထုတ်လှုံ့ဆော် နေကြခြင်းသာ ဖြစ်ပါတယ်။     


ဒီတရားခံ (၄) ဦးရဲ့ မိုက်မဲမှုကြောင့် သေဆုံးဒဏ်ရာရကြ ဘဝပျက်ခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ခံစားချက်အမှန်ကို ဖုံးကွယ်ပြီး အကြမ်းဖက်လူသတ်သမား တွေကို နိုင်ငံရေးသူရဲကောင်းတွေအဖြစ် ပုံဖော်အမွှမ်းတင်နေကြခြင်းက စက်ဆုပ် ရွံရှာဖွယ် ကောင်းလှပါတယ်။ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုဒုစရိုက်တွေအတွက် ယခုလို ပြစ်ဒဏ်စီရင်ခံရတာက  သူတို့ရဲ့ အကုသိုလ်ကံက သူတို့ကို အကျိုးပေးသွားတာပဲ ဖြစ်ပါတယ်။ တချို့ပြည်ပရောက်တွေကလည်း တရားခံတွေကိုဗန်းပြပြီး ရက်မလည်ခင် အလှူခံစားနေကြလို့ တရားခံရဲ့မိသားစုတွေက ကန့်ကွက်နေရတဲ့အထိ မျက်နှာပြောင် ကြသလို အမေရိကန်မှာ သရဲဝင်ပူးတယ်ဆိုပြီး လုပ်ဇာတ်တွေခင်းနေတာကလည်း ပြည်သူလူထုအကြား ဟာသတစ်ပုဒ်လိုဖြစ်နေပါတယ်။


မြန်မာပြည်သူလူထုအများစုကတော့ တရားစီရင်မှုရဲ့အကြောင်းတရားအမှန်ကို သိရှိနားလည်ကြလို့ နောက် ကွယ်ကလက်မဲကြီးတွေရဲ့ ဆူပူအုံကြွမှုထပ်ဖြစ်အောင် လှုံ့ဆော်အရှိန်မြှင့်နေကြတာကို လက်မခံကြတော့ပါဘူး။ နစကအစိုးရအတွက်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အကြမ်းဖက်သမားတွေကို ဥပဒေနဲ့အညီ ပြတ်ပြတ်သားသားတရားစီရင်မှု လုပ်ဆောင်နေတယ်ဆိုတာကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ပြသနိုင်လိုက်တယ်လို့ပဲဆိုရပါမယ်။ အကြမ်းဖက်သမားတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတဲ့ ပြည်သူလူထုအတွက် အားဆေးတစ်ခွက်လည်းဖြစ်ပါတယ်။


လက်မဲကြီးများရဲ့ ဒုတိယအစီအမံကတော့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေကြခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မိမိရဲ့ ဘာသာတရားကို ထိပါးစော်ကားခံရရင် ထိခိုက်ခံစားလွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် နောက်ကွယ်ကလက်မဲကြီးတွေက တိုင်းပြည်မတည်မငြိမ် ဖြစ်စေချင်ရင် ဘာသာရေးပဋိပက္ခကို မီးစတစ်ခုအဖြစ် အသုံးချကြလေ့ရှိပါတယ်။


ဒါကြောင့်လည်း သေဒဏ်ကျခံရတဲ့ တရားခံ (၄) ဦးနဲ့ ပတ်သက်ပြီး သနားအောင်၊ မခံချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်တဲ့နေရာမှာ ဒီကိစ္စနဲ့ လားလားမျှ မသက်ဆိုင်တဲ့ သီလသမာဓိနဲ့ပြည်စုံတဲ့ အထင်ကရဆရာတော်ကြီးတွေကို မကြားဝံ့မနာသာဆဲဆိုပြီး လုပ်ကြံသတ်ဖြတ်ဖို့အထိ NUG လော်ဘီတစ်ဦးရဲ့ အွန်းလိုင်းပေါ်က ပြောကြားချက်ကို အားလုံးအသိပဲဖြစ်ပါတယ်။ ဆရာတော်ကြီးတွေရဲ့ မြောက်မြားစွာသော ဒကာ/ဒကာမ တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို မခံချင်စိတ်ဖြစ်အောင် ဆွပေးနေတာဖြစ်သလို တခြား သော ဘာသာဝင်တွေကိုလည်း အထင်အမြင်လွှဲမှားအောင် အစပျိုးလုပ်ဆောင်ခြင်း ဖြစ်ပါ တယ်။ ဒီလော်ဘီရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ရိုင်းစိုင်းစွာပြောဆိုမှုတွေကြောင့် ပွဲဆူနေ ချိန်မှာပဲ ဗုဒ္ဓရဲ့ပုံတော်ကို လည်ပင်းဓားနဲ့လှီးထားတဲ့ပုံတွေနဲ့ သံဃာတော်တွေကို စော်ကားထားတဲ့ ကာတွန်းပုံတွေ လူမှုကွန်ရက်တွေပေါ်မှာ တက်လာပါတယ်။ သူတို့ရဲ့ ပြည်တွင်း/ ပြည်ပကွန်ရက်တွေကနေ အချိန်ကိုက်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။


ဒီလိုအစပျိုးလုပ်ဆောင်ပြီး ဗုဒ္ဓဘာသာဝင်များနဲ့ အခြားဘာသာဝင်များအကြား အပြန်အလှန်ဆဲဆိုပုတ်ခတ်မှုတွေဖြစ်လာအောင် အကောင့်အတုများနဲ့ ခလောက်ဆန် လှုံ့ဆော်ပြီး ဘာသာရေးပဋိပက္ခတွေကနေတဆင့် လူထုဆူပူအုံကြွမှုဖြစ်လာအောင် လုပ်ဆောင်နေကြတာကို အထူးသတိပြုစေချင်ပါတယ်။


တကယ်တော့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိလာပြီး ပြည်သူ တွေ ပုံမှန်အတိုင်း သွားလာလည်ပတ်နေကြတာကို မနာလိုမရှုဆိတ်သူများက ပြည်ပမှာ အကြောင်းအမျိုးမျိုးပြပြီး အလှူခံစားနေတဲ့ NUG အမည်ခံ အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြန်လည်တည်ငြိမ်အေးချမ်းလာလေလေ သူတို့အတွက် ဗန်းပြအလှူခံစားဖို့ အတွက် ဂွင်ပျောက်လေ ခေါင်းစဉ်ပျောက်လေဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုဗန်းပြပြီး မြန်မာနိုင်ငံမှာ ၎င်းတို့အလိုကျ ကြိုးဆွဲရာကမယ့် အစိုးရ တစ်ရပ် တင်မြှောက်ဖို့ လိုလားနေတဲ့ အနောက်နိုင်ငံများက သူတို့ရဲ့ ဩဇာခံပုဆိန်ရိုး များကို ထောက်ခံအားပေးပြီး မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နိုင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။


ဒါကြောင့် NUG နဲ့ PDF အဖွဲ့တွေရဲ့ ကျဆုံးမှုကို တောင့်ခံပေးဖို့နဲ့ ပြည်တွင်းမှာ ဆူပူအုံကြွမှုတွေဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့ နောက်ကွယ်က လက်မဲကြီးတွေရဲ့ အကြံအစည်ကို ပြည်သူလူထုကြီး သတိပြုမိပြီး သူတို့ရဲ့ နှပ်ကြောင်းနဲ့ အစီအမံများအတိုင်း လိုက်ပါမလုပ်ဆောင်မိကြစေရေးအတွက် စေတနာရှေ့ထားပြီး မီးမောင်းထိုးပြ သတိပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျား။


မင်းခန့်
#KT

Post a Comment

Previous Post Next Post