ဘင်္ဂလားပင်လယ်‌‌အော်ကို ဗဟိုပြု၍

Views

       တပ်မတော်(ရေ)၏ အမျိုးအစား မတူညီသော ရေငုပ်သင်္ဘော တိုက်ခိုက်ရေး ရေယာဉ်များဖြစ်သည့် စစ်ရေယာဉ် မင်းရဲသိင်္ခသူနှင့် စစ်ရေယာဉ် မင်းရဲကျော်ထင်တို့သည် ၂၀၂၀ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ တပ်မတော် (ရေ)နေ့များတွင် တပ်တော်၀င်ပြီး အချိန်မှစ၍ မြန်မာ့ရေပြင်ပိုင်နက်များမှသည် ဘင်္ဂလားပင်လယ်အော် (Bay of Bengal)  ၊ မုတ္တမကွေ့( Gulf of Martaban) နှင့်  ကပ္ပလီပင်လယ် (Andaman Sea) များပါမကျန် ရေပေါ်ရေအောက်  ဖြန့်ကြတ်လာနိုင်ခဲ့တာ တွေ့နိုင်ပါတယ်။  စစ်ရေယာဉ်များရဲ့ ရေအောက်ခုတ်မောင်းချိန် နာရီထောင်ကျော်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာများစွာအကွာမှနေ၍ ယခင်က မထိတွေ့ဘူးသေးတဲ့ မြန်မာ့ရေအောက် သံယံဇာတတွေကိုလည်း ကာကွယ်စောင့်ရှောက်နိုင်ခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ 


       ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်နေ့မှ ၅  ရက်နေ့အထိ တပ်မတော် (ရေ) စစ်ရေယာဉ်များ ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield Exercise - 2022) ကို ရခိုင်ကမ်းလွန် ဘင်္ဂလားပင်လယ်အော် ဆက်စပ်ရေပြင်အတွင်း လေ့ကျင့်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။ လေ့ကျင့်ခန်းတွင် စစ်ရေယာဉ်မင်းရဲသိင်္ခသူအနေဖြင့် ရေငုပ်လျှိုးခြင်းနှင့် ရေပေါ်ပြန်တက်ခြင်း (Diving and Surfacing) သရုပ်ပြသမှုအတွက် တန် ၃၀၀၀ ခန့် အလေးချိန်ရှိပြီး ၇၄.၂၅ မီတာ ရှည်လျားသောရေယာဉ်အား မိနစ် အနည်းငယ်အတွင်း Check Dive ပြုလုပ်ခြင်း ၊ ရေအနက် ၁.၅ မီတာ Trim Down Stage ၊ ရေအနက် ၉ မီတာ Snort Stage ၊ ကမ်းဦးရေတိမ်ရေငုပ်ခြင်း (Shallow Water Dive) နှင့် အများဆုံး ငုပ်လျိုး ခုတ်မောင်းသည့် ရေအနက် (Maximum Operating Depth) အထိ ရေငုပ်ခြင်း (Deep Dive) အစရှိသည့် ရေအနက်များအားလုံးတွင် ရေယာဉ်၌ တပ်ဆင်ထားသော စနစ်များကောင်းမွန်မှုရှိပြီး  ရေယာဉ်၏ တည်ငြိမ်မှု (Stability) ၊ ဘေးကင်းလုံခြုံမှု (Safety)နှင့် ရေယာဉ် အသင့်ဖြစ်မှု (Readiness) တို့ကို အစစ်ဆေးခံနိုင်ခဲ့ပါသည်။  ရေယာဉ်၏ လက်နက်နှင့် လက်နက်စနစ်များလည်း အသင့်ရှိနေပြီး Submerged Signal Ejector အား ရေအောက်မှ လေ့ကျင့်ပစ်ခတ် ခဲ့ပါသည်။ ရဟတ်ယာဉ် (Eurocopter) နှင့် ပူးပေါင်း လေ့ကျင့်သည့် Vertrap Exercise တွင် လူအတက် ၊ အဆင်းနှင့် ရေယာဉ်အတွက် အရေးတကြီး လိုအပ်သည့် ပစ္စည်းအတင်အချ လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော် (ရေ) ဖရီဂိတ် စစ်ရေယာဉ်များ၏ တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး (Anti-Submarine Warfare)  နှင့် တိုပီဒို ပစ်ခတ်စဉ် လေ့ကျင့်ခန်းများတွင်လည်း ပစ်မှတ်အဖြစ် ပါဝင်လေ့ကျင့်ခဲ့သည့်အပြင်  ရေပေါ် ရေအောက် ဆက်သွယ်ရေး စနစ်များ ၊    ဆိုနာထောက်လှမ်းမှုနှင့် အီလက်ထရောနစ်စစ်ဆင်ရေးနည်းလမ်းများကို အကောင်းမွန်ဆုံးပုံစံဖြင့် အသုံးချဆောင်ရွက်ခဲ့ကြပါသည်။


         တပ်မတော် (ရေ) စစ်ရေယာဉ်များက  ပုံပြုမောင်းနှင်မှု အမျိုးမျိုးနှင့် အမြောက်လေ့ကျင့်ပစ်ခတ်စဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။ တပ်မတော် (ရေ) Navy Seal တပ်ဖွဲ့မှလည်း ရပ်တံ့ အစစ်ဆေးခံရန် ငြင်းဆန်ခဲ့သည့် မသင်္ကာဖွယ် ရေယာဉ်တစ်စီးအား စီးနင်းရှာဖွေသည့် လေ့ကျင့်ခန်းများအား လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ပါသည်။ ယခင် လေ့ကျင့်ခန်းများ၏ အားသာ/အားနည်းချက်များအပေါ် လေ့လာသုံးသပ်၍ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်အောင် အကောင်းဆုံးကြိုးစား ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ သံသယမရှိနိုင်ပါဘူး။  မြန်မာနိုင်ငံအတွက် အရေးပါလှသည့်   ဘင်္ဂလားပင်လယ်အော် ဆက်စပ်ရေပြင်အတွင်း ရာသီဥတုမရွေး မုန်တိုင်းချိန်ခါမရွေး ကျရာတာဝန်အသီးသီးကို အထူးစစ်ဆင်ရေးတစ်ရပ်အသွင် စုပေါင်းညီညာ ၊ ဇွဲစိတ်ဓါတ်ထက်သန်စွာဖြင့် လေ့ကျင့်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိကြီး/ အရာရှိ/အရာခံ/အကြပ်/စစ်သည် တစ်ဦးချင်းစီကို ကာကွယ်ရေး ဦးစီးချုပ် (ရေ)က ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ခဲ့ ပါသည်။ မကြာမီကာလအတွင်း   တပ်မတော်(ရေ)အား ဒေသအတွင်း ဟန်ချက်ထိန်းညှိနိုင်သော ရေတပ်မှသည် ရှေ့သို့အဆင့်ဆင့် တက်လှမ်း တည်ဆောက်နိုင်ပါစေကြောင်း မှတ်တမ်းတင် ရေးသား တင်ပြအပ်ပါသည်။


crd. WZT
#KT




Post a Comment

Previous Post Next Post