ပြည်ပျက်မှ ကျေနပ်မည့်သူများ

Views

ပြီးခဲ့တဲ့ရက်က နစက မှ အကြမ်းဖက်သမား(၂)နဲ့ မုဒိန်းလူသတ်သမား(၂)ကောင်ကို အကြောင်းပြုပြီး NUG အကြမ်းဖက်အဖွဲ့မှ ဒူဝါလရှီးလဟာ ပြည်သူတွေကြား သူရဲကောင်းတွေဆိုကာ အမုန်းတရားတွေဟောပြီး လူထုဆူပူမှုဖြစ်အောင်လုပ်ပေမယ့် ပြည်သူတွေကလည်း သူပြောတဲ့စကားတွေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် သဘောမထားခဲ့ကြပါဘူး ..


ဒါ့အပြင် နိုင်ငံခြားမှာ ဒေါ်လာစားပြီး အနေသားနားနေတဲ့ အကြမ်းဖက်သမား မျိုးရန်နောင်သိမ်းကလည်း သီတဂူဆရာတော်ဘုရားကြီးနှင့် ရှင်ဆေကိန္ဒတို့ (၂)ပါး အပါအဝင် ရဟန်းသံဃာတော်များ ၊ အေးချမ်းစွာနေထိုင်တဲ့ပြည်သူတွေနဲ့ ကလေးငယ်တွေ သတ်ဖြတ်ဖို့အထိ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ လှုံ့ဆော်နေတာတွေလည်း Social Media ပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ် ..

တစ်ချိန်တည်းတစ်ပြိုင်တည်းမှာပဲ JPM ဆိုတဲ့ Fb Page တစ်ခုက ဘာသာရေးအထိကရုဏ်းဖြစ်အောင် အကဲဆတ်တဲ့ ဘာသာရေးထိုးနှက်မှုတွေလုပ်ပြီး နိုင်ငံအတွင်းရှိပြည်သူတွေဆူပူမှုဖြစ်အောင် တမင်အကွက်ကျကျစီမံနေတယ်ဆိုတာ ထင်ရှားလျက်ရှိပါတယ် .. Comment ပေးတဲ့သူတွေကလည်း ဘာသာခြားအယောင်ဆောင် တွေဖြစ်နေပါတယ် ..

ဒါတွေက တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး ..  NUG အကြမ်းဖက်အဖွဲ့က အားလုံးကို ရည်ရွယ်ချက်ရှိရှိ အကွက် ကျကျစီမံပြီး တိုင်းပြည်ဆူပူအောင်လုပ်နေကြတာပါ ..

ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ ပြည်ဖျက်ရေးအကွက်ကျကျဖန်တီးမှုအောက်မှာ ​သတိလွတ်ပြီး မျောပါမသွားစေဖို့အရေးကြီးကြောင်း ​​တိုက်တွန်းလိုက်ပါတယ် ။

#KT

Post a Comment

Previous Post Next Post