အပြစ်မဲ့ပြည်သူတွေ ကိုသတ်တာ ဒီမိုကရေစီလား

Views

ဖြိုးဇေယျာသော် ကိုယ်တိုင်ထွက်ဆိုချက် ဗွီဒီယိုဖိုင်မှာ လက်နက်မဲ့ အပြစ်မဲ့ပြည်သူလူထုနေရာတွေကိုပစ် ခတ်တာ ၊ လုပ်ကြံTတ်ဖြတ်တာ၊ အများပြည်သူ ထိတ်လန့် ခြောက်ခြားအောင် ဗုံးခွဲတာတွေ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါက နစက က အကြပ်ကိုင်ခြောက်လှန့်ပြောခိုင်းလို့ပြောရတာပါဆိုရင်လည်း သူ့လက်ရေးမူနဲ့ ရေးသားထားတဲ့ မှတ်တမ်းစာအုပ်တွေအရ ဘယ်နေ့မှာဘယ်နေရာပစ်ခတ်လုပ်ကြံခဲ့တယ်ဆိုတာ ပြသထားပြီးဖြစ်လို့ အကြမ်းဖက် လူTတ် မှုတွေကျူးလွန်ခဲ့တယ်ဆိုတာငြင်းမရတဲ့သက်သေ အထောက်အထားတွေ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာနေရာတွေကို ပစ်ခတ်တိုက်ခိုက်တာက လက်နက်ကိုင်တော်လှန်ရေးလို ပြောချင်ပြောလို့ရနိုင်သေးပေမယ့် အများပြည်သူဆိုင်ရာနေရာများဖြစ်တဲ့ လျှပ်စစ်ရုံး၊ ကညနရုံးဝန်းကျင်နေရာများ၊ စာသင် ကျောင်းများကိုဗုံးခွဲခြင်း၊ လက်နက်မဲ့ပြည်သူလူထုကိုဒလန်ဆိုပြီး Tတ်ဖြတ်ခြင်းတွေဟာ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့အ ကြမ်းဖက်တိုက်ခိုက် Tတ်ဖြတ်မှုတွေ ဖြစ်ပါတယ်။

လက်နက်မဲ့ပြည်သူလူထုကို Tတ်ဖြတ်တာ ဒီမိုကရေစီအရေးလှုပ်ရှားတာလား ဆိုတဲ့မေးခွန်းကို အရင်ဖြေ  ကြည့်ပြီး အခုသေဒဏ်စီရင်ခံရသူ(၄)ဦးကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာရှိမရှိဆက်လေ့လာပြီးမှသာ ဘယ်အမျိုးအစားမှာစာရင်းသွင်းသင့်သလဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဖြိုးဇေယျာသော်နဲ့ဂျင်မီတို့ ဦးဆောင်တဲ့အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူလူထုတွေအတွက် ဘယ်ဒီမိုကရေစီလိုလားသူဆိုသူတွေကမှ စာနာမှုမရှိခဲ့ကြဘဲ အကြမ်းဖက်tတ်ဖြတ်ရာမှာဦးဆောင်ခဲ့ကြတဲ့ဖြိုးဇေယျာသော်နဲ့ဂျင်မီကို ဒီမိုကရေစီသူရဲကောင်းဆိုတာကတော့တော်တော် မှားယွင်းနေပြီဖြစ်ပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်လိုသာ အမွှန်းတင် ခေါင်းစဥ်တပ်နေကြပြီး ၈၈ကျောင်းသားခေါင်းဆောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဆိုသူနှစ်ဦးရဲ့အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခဲ့ကြောင်းနစက ဘက်က ပြထားတဲ့သက်သေအထောက်အထားအခိုင် အမာတွေကိုမဟုတ်ပါဘူးလို့ ဘယ်သူကမှ တိတိကျကျ မငြင်း ကြတဲ့အတွက် ကြွက်သေတစ်ခု အရင်းပြု ဆိုသလို ဖြိုးဇေယျာသော်၊ ဂျင်မီကြိုးပေးသတ်ခံရတာ ဝမ်းနည်းကြေ ကွဲတာထက် ဆူပူအုံကြွမှုတွေပေါ်လာအောင် မြှောက်ပေးတာကပိုနေကြပါတယ်။

မြန်မာပြည်မှာခက်တာက သတင်းထောက်တစ်ယောက် ရာဇဝတ်မှုကျူးလွန်လို့ ဖမ်းရင်ကျူးလွန်တဲ့ ပြစ်မှုကို ဖျောက်ထားပြီး သတင်းသမားကိုဖမ်းတယ်၊ သတင်းလွတ်လပ်ခွင့်မရှိဘူးလို့ သတင်းထုတ်ပြန်ကြသလိုပဲ နိုင်ငံရေးသမားတစ်ယောက်ရာဇဝတ်မှုကျူးလွန်လို့ အရေးယူရင်လည်း နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တယ်၊ဒီမိုကရေစီမရှိဘူး ဆိုတဲ့ ဝါဒဖြန့်သတင်းထုတ်ပြန်တော့တာပါပဲ။ 

ဖြိုးဇေယျာသော်ဟာ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနိုင်ငံရေးသမားဆိုတာမှန်တယ် ဂျင်မီဟာ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဆိုတာမှန်တယ်

ဒါပေမယ့်.....အခုပြစ်ဒဏ်စီရင်တာကနိုင်ငံရေးသမားဖြစ်လို့ နိုင်ငံရေးလုပ်လို့ မဟုတ်ဘဲ အကြမ်းဖက်Tတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကြောင့်  ဖြစ်တယ်ဆိုတာလောက်တော့ သတင်းမီဒီယာဆိုတဲ့ အဖွဲ့အစည်းများ ၊ ဝါရင့်ရှေ့နေ ဆိုသူများ နားလည်ကြဖိုသင့်ပါတယ်။ 

EAO များ ၊ နိုင်ငံတကာဘာညာအဖွဲ့များဆိုတာကတော့ နိုင်ငံရေးအမြတ်ထုတ်ပြောဆိုရမှာသာဖြစ်လို့ ပြောကြတာ မထူးဆန်းပေမယ့် ကြားခံဆက်သွယ်ပေးသူဆိုတဲ့မီဒီယာတွေတရားဥပဒေ နားလည် ကျွမ်းကျင်တယ်ဆိုတဲ့ ဝါရင့်ရှေ့နေတွေက ဂျပိုးကိုလိပ်ဖြစ်အောင်မပြောသင့်ဘဲအမှန်တရားအတိုင်းသာ ပြောဆိုသင့်ပါတယ်။


#TLH
#KT

Post a Comment

Previous Post Next Post