ဖက်ဒရယ် လွယ်သလား

Views

ဗမာနိုင်ငံရေးသမားများဆိုတဲ့ NUG,CRPH က ပုဂ္ဂိုလ်များ၊ EAO များက ငှက်ပျောသီးအခွံနွှာစားသလို အလွယ်တကူပဲ စစ်အာဏာရှင် ကျဆုံးရင် ဖက်ဒရယ်ပြည်ထောင်စု ၊ ဖက်ဒရယ်တပ်မတော်တည်ဆောက်မယ်လို့ လူကြားကောင်းအောင် ကြွေးကြော်နေကြတယ် ..

လူမျိုးတူ တစ်ခုထဲမှာတင် EAO အဖွဲ့များကွဲပြားပေါ်ပေါက်နေခြင်း၊ ကွဲပြားနေတဲ့ လူမျိုးတူ EAO အချင်းချင်း တိုက်ခိုက်နေကြခြင်းတွေရှိနေပြီး KNU လို သူပုန်သက်ရှည်တဲ့အဖွဲကြီးမှာတောင် လက်နက်ကိုင်အဖွဲ့ငယ်များ ၇ ဖွဲ့ ၈ ဖွဲ့ ခွဲထွက်သွားပြီးနောက် အခုလို ကော်သူးလေအာမီ သီးခြားပေါ်ထွက်လာခြင်းဆိုတဲ့ မြေပြင်အရှိတရားတွေရှိပါတယ် ..

ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းဖိုထက် လူမျိုးတစ်မျိုးမှာ လက်နက်ကိုင်တစ်ဖွဲ့တည်းရှိအောင်အရင်ဆုံးလုပ်ရမယ့်သဘောဖြစ်နေပါတယ် ..

EAO အဖွဲ့ပေါင်းစုံရှိတဲ့ ရှမ်းပြည်နယ်မှာ EAO အချင်းချင်း တိုက်ခိုက်နေသလို (စစ်အာဏာရှင်ဆိုတာနဲ့မဆိုင်ဘဲ ) လူမျိုးတူရှမ်းအချင်းချင်း RCSS(SSA) နဲ့ SSPP(SSA)သဲသဲမဲမဲတိုက်ခိုက်နေကြတာဖြစ်လို့ ဗမာစစ်အာဏာရှင် ကျဆုံးရင် ဖက်ဒရယ်ပြည်ထောင်စုဖက်ဒရယ်တပ်မတော်တည်ထောင်မယ်ဆိုတဲ့အတွေးအခေါ်ဟာဖြစ်နိုင်/မဖြစ်နိုင်အလွယ်တကူသိနိုင်တဲ့ကိစ္စသာ ဖြစ်ပါတယ် ..

အီရတ်မှာ ဆဒမ်ဟူစိန်ပြုတ်ကျပြီးနောက် တည်ငြိမ်အေးချမ်းမှုပျက်စီးသွားတာတွေ၊ လစ်ဗျားမှာ ကဒါဖီပြုတ်ကျပြီးနောက် တိုင်းပြည်ပျက်သွားပြီး ပြည်တွင်းစစ်ကြီးဖြစ်နေတာတွေဟာ မျက်စိရှေ့မှာတွေ့မြင်နေကြရတဲ့သင်ခန်းစာတွေဖြစ်ပါတယ် ..

လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိနေတဲ့မြန်မာပြည်ဟာ တပ်မတော်အင်အားချိနဲ့ပြိုကွဲတာနဲ့ အာဏာလုပွဲနယ်မြေလုပွဲများအပြိုင်းအရိုင်းပေါ်ထွက်လာပြီး အီရတ်လစ်ဗျားထက်ဆိုးတဲ့ တိုင်းပြည်ဖြစ်သွားမှာ သေချာနေပါတယ် ..

စစ်တိုက်ခြင်းဟာ မိမိဒေသခံလူထုကိုသာ ဒုက္ခရောက်စေတယ်ဆိုတာအမြင်မှန်ရလာတဲ့ EAO နယ်မြေများ တည်ငြိမ်အေးချမ်းဖွံဖြိုးတိုးတက်လာပြီး စစ်တိုက်နေတဲ့ ဒေသများစုတ်ပြတ် လာနေတယ်ဆိုတာ မျက်စိရှေ့မှာလက်တွေ့မြင်တွေ့နေကြရမှာ ဖြစ်ပါတယ် ..

KNU , ကော်သူးလေအာမီ စစ်ခေါ်နေမှုတွေဟာ ကရင်ပြည်နယ်လူထုအတွက်ကံဆိုးမှုသာဖြစ်ပါတယ် ...

EAO ပေါင်းစုံ ဖက်ဒရယ်တပ်မတော်ဆိုတာထက် EAO တွေထဲမှာ ပုန်ကန်သက်အရှည်ဆုံးဖြစ်တဲ့ KNU အကွဲအပြဲဖက်ဒရယ်အရေးမှာ အမြဲတမ်းရှေ့ကဦးဆောင်နေကျ ရှမ်းခေါင်းဆောင်များရဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အကွဲအပြဲပြဿနာတွေကိုပဲ အရင်ရှင်းကြည့်ကြပါဦးလို့သာပြောရမှာဖြစ်ပါတယ်။။။


#SitNyein
#KT

Post a Comment

Previous Post Next Post