တို့ဗမာတွေ .. သိပ် "အ"တယ်

Views

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲဆိုရင် ဂဠုန်ဦးစောသတ်တယ်လို့ပဲ သိတယ်/ဖြေတယ်။


မြန်မာတွေရဲ့ အသိ/အမြင်က အကန့်တစ်ခုမှာပဲ ရပ်နေတယ်။


ဗိုလ်ချုပ်ကိုသတ်ဖို့ သေနတ်/ကျည်ဆံအများအပြားအပါအဝင် လက်နက်(၈)မျိုး ထုတ်ပေးခဲ့တဲ့ အင်္ဂလိပ်အရာရှိတွေဖြစ်တဲ့ မေဂျာဟင်နရီယန်းနဲ့ ကပ္ပတိန်ဗီဗီယန်းကို မေ့ထားကြတယ်။


လက်နက်တွေတောင် ထုတ်ပေးတယ်ဆိုမှတော့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက လုပ်ကြံခိုင်းတာဖြစ်နိုင်တယ်လို ဆက်စပ်စဉ်းစားနိုင်တဲ့ ဦးနှောက်မျိုး မရှိဘူး။


နောက်

ဗိုလ်ချုပ်တို့ကို သေနတ်တွေနဲ့ပစ်နေတဲ့အချိန် အဲဒီအခန်းရဲ့အောက်တည့်တည့်က ဦးထွန်းလှအောင်ရဲ့ အခန်းထဲမှာ အင်္ဂလိပ်အရာရှိကြီးတွေဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နက်ခ်ျနဲ့ ထောက်လှမ်း ရေးမှူးချုပ် ဗိုလ်မှူးချုပ်နိုက်ထ်တို့ရှိနေတယ်။ 

သူတိုက ဒီလောက်ပစ်ခတ်နေတာကို မကြားဘူးတဲ့လား။ ပိုထူးခြားတာက ဗိုလ်ချုပ်တို လုပ်ကြံခံရပြီးပြီးချင်း နံနက်(၁၁)နာရီလောက်မှာ သူတိုနှစ်ယောက်လုံးဟာ ဗြိတိန်ကို စစ်သင်္ဘောနဲ့ ချက်ချင်းပြန်သွားတာပဲ။


ဟင်နရီယန်းရော ဗီဗီယန်းပါ ဒီအမှုနဲ့ပဲ ထောင်ချခံရတယ်။ ဟင်နရီယန်းက ထောင်နှစ်နှစ်ထဲကျလို့ ပြန်လွတ်သွားပေမယ့် ဗီဗီယန်းကတော့ အင်းစိန်ထောင်ထဲမှာဆက်ရှိနေတယ်။


မြန်မာကို လွတ်လပ်ရေးမဖြစ်မနေပေးရတော့မယ့် အခြေအနေလည်းရောက်လာရော အင်္ဂလိပ်တွေဟာ သူတို့အင်္ဂလန်မှာ ကျောင်းတက်ကျောင်းပြီးလာတဲ့ ဧရာဝတီတိုင်း ကရင်, ခရစ်ယာမ်ဘာသာဝင် စောဘဦးကို လက်နက်တွေထောက်ပံ့ပြီး KNDO ကို ဖွဲစည်းပေးလိုက်တယ်။ ၁၉၄၇ ခုနှစ်မှာ။ မြန်မာပြည် လွတ်လပ်ရေးတောင် မရသေးဘူး။

KNDO (နောင် - KNU) ဟာ မြန်မာပြည်ကို အဖျက်အမှောက်လုပ်ဖို့ အင်္ဂလိပ်က လက်နက်တပ်ဆင်ပေးခဲ့တဲ့ ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပဲ။ ဦးဆောင်တာက ဧရာဝတီတိုင်း ခရစ်ယာမ်ကရင်တွေ။

၁၉၄၉ ခုနှစ်၊ မေလမှာ KNDO ဟာ အင်းစိန်ထိတိုက်ခိုက်ပြီး အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့ ဗီဗီယန်းကို ကယ်ထုတ်သွားခဲ့တယ်။


အဲဒီနောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်ထဲမှာ

စတင်အခြေချခဲ့ပြီး ဒေသခံ ရိုးသားတဲ့ဗုဒ္ဓဘာသာကရင်တွေကို ဗမာမုန်းတီးရေးစိတ်ဓာတ်ရိုက်သွင်း စည်းရုံးပြီး KNU ကို ဖွဲစည်းပေးထားခဲ့တာ။


ဒါတွေကိုကြည့်ရင်

ဗိုလ်ချုပ်အောင်ဆန်းတို လုပ်ကြံခံရမှုရဲ့

အဓိကတရားခံဟာ အင်္ဂလိပ်တွေဖြစ်နိုင်တာပဲ။


ဒါပေမယ့်

ဒိုမြန်မာတွေက ဆက်စပ်မစဉ်းစားဘူး။ အကန့်တစ်ခုမှာပဲ ရပ်ထားတယ်။ ဂဠုန်ဦးစောကိုပဲ မြင်တယ်၊ ဦးစောကိုပဲ မုန်းတယ်။ အဓိကတရားခံဖြစ်တဲ့ အင်္ဂလိပ်ကိုမမြင်ဘူး၊ အင်္ဂလိပ်ကို မမုန်းဘူး။


မမုန်းတဲ့အပြင် ……………….



Post a Comment

Previous Post Next Post