နဖူးပေါ်လက်တင်ပြီး စဉ်းစားရတော့မယ့် ကျွန်တော်တို့ပြည်သူတွေ

Views

မြန်မာပြည်သူအများစုက အလှူအတန်းနဲ့ပတ်သက်လို့ အရမ်းရက်ရောကြတယ်။ လိမ်ညာပြီး အလှူခံလျှင်လည်း ဘာမှမစဉ်းစားဘူး ကိုယ်လှူနိုင်လို့ကတော့ လှူလိုက်ကြတာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ အခုကာလမှာ ဒီလှူဒါန်းမှုတွေက ဒါန မြောက်/ မမြောက် သေချာ ဆန်းစစ်ကြရတော့မှာဖြစ်တယ်။ နွေဦးတော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ် Online မှာ Click လုပ်တာတို့၊ ဟိုပစ္စည်းလေလံတင်/ဒီပစ္စည်းလေလံတင် စတဲ့ နည်းမျိုးစုံသုံးပြီး အလှူငွေကောက်တယ်။ အဲဒီကရလာတဲ့ အလှူငွေတွေနဲ့ လက်နက်/ ကျည်ဆံတွေ ဝယ်တယ်။ အဲဒီ လက်နက်တွေနဲ့ ရဲနှင့်စစ်သား မဟုတ်တဲ့ ရဟန်းသံဃာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဒလန်လို့အမည်တပ်  ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ် (ဥပမာ- ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာက သက်တော် (၉၃) နှစ်၊ ဝါတော် (၇၂) ဝါရှိတဲ့ ဆရာတော် ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်၊ မြိတ်မှာဖြစ်သွားတဲ့ ခရီးသည်တင် ဘတ်စ်ကားကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်တာတွေ)။ ဒီလို ရဟန်းသံဃာတွေနှင့် အပြစ်မဲ့ပြည်သူတွေ သေဆုံး နေတာကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြလားလို့ မေးလိုတယ်။ 

ဒါကြောင့် ခင်များတို့ရဲ့ အရေးတော်ပုံကြီးက အပြစ်မဲ့ပြည်သူတွေ သေကြေ ပျက်စီးစေပြီးတော့ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါသလား၊ ဒီလို လှူလိုက်တဲ့ အလှူတွေအတွက် စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ကြရဲ့လား၊ နဖူးပေါ်ကို ဘဲလက်တင်တင်၊ လက်ပေါ်ပဲနဖူးတင်တင် သေသေချာချာ စဉ်းစားကြဖို့တော့ လိုလာပြီဖြစ်ပါကြောင်း...



#KT

=====






Post a Comment

Previous Post Next Post