တပ်မတော်သမိုင်းမှာ မရှိခဲ့ပါ

Views

လက်ရှိတိုင်းပြည်အခြေအနေမှာလွှတ်တော်ထဲမှာ တပ်မတော် ၂၅ ရာခိုင်နှုန်းရှိလို့ ပြည်သူတွေ ထိခိုက်နစ်နာသွားရတဲ့ ၊တိုင်းပြည်ဒုက္ခတွေ့ခဲ့ရတဲ့ကိစ္စ လက်ရှိအချိန်ထိ မရှိသေးဘူး....

မျိုးစောင့်ဥပဒေကို ဖျက်ခဲ့တာဟာ .. တပ်မတော်မဟုတ်ဘူး...
ဧည့်စာရင်းဥပဒေကို ဖျက်ခဲ့တာဟာ .. တပ်မတော် မဟုတ်ဘူး...
မဘသ မလိုဘူးလို့ ပြောခဲ့တာ .. တပ်မတော် မဟုတ်ဘူး ...
ကလေးသူငယ်မွေးစားခြင်းဆိုင်ရာဥပဒေကိုပြဌာန်းခဲ့တာ .. တပ်မတော်မဟုတ်ဘူး....
ဘင်္ဂလီကို ဘင်္ဂလီ လို့မခေါ်ရဲတာ .. တပ်မတော် မဟုတ်ဘူး...
ဝါးတလုံး ၂၅၀၀နဲ့ ပလပ်စတစ်ထိုင်ခုံ တလုံးကို ၇သောင်း စျေးနှုန်းစာရင်းပြခဲ့တာ .. တပ်မတော် မဟုတ်ဘူး ...
လွှတ်တော်ဆေးသုတ်ခက လွှတ်တော်စဆောက်စဉ်က ကျသင့်တန်ဖိုးထက် ပိုပြီးစာရင်းတင်တောင်းခဲ့တာ
တပ်မတော် မဟုတ်ဘူး...
လေယာဉ်ကွင်းကို သိန်း၈ထောင်ပေးပြီး ခြုံရှင်းခိုင်းခဲ့တာ .. တပ်မတော်မဟုတ်ဘူး...
ကယားပြည်နယ်က ပြည်နယ်ကွင်းကိုရည်ရှည်စာချုပ်ချုပ်ပြီး ကိုယ်ကျိုးသုံးခဲ့တာ
တပ်မတော် မဟုတ်ဘူး....
နေပြည်တော်က မြေကွက်တွေကို အစိုးရစျေးနဲ့ရဖို့ လုပ်ခဲ့တာဟာ .. တပ်မတော် မဟုတ်ဘူး...
လူစုလူဝေးမလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်နေတဲ့သူက ..
တပ်မတော်မဟုတ်ဘူး...
ကိုဗစ်ဖြစ်လို့ ကူးစက်နှုန်းနဲ့သေဆုံးနှုန်းများနေတဲ့အချိန်မှာ ရွေးကောက်ပွဲက ပထမ ၊ရွေးကောက်ပွဲက ဒုတိယဆိုပြီး ကြွေးကြော်နေတာ .. တပ်မတော်မဟုတ်ဘူး.....
၂၀၀၈ ဖွဲစည်းပုံအရ လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်ကြောင့်တိုင်းပြည်နစ်နာသွားရတဲ့ ကိစ္စဆိုတာ ဒီလွှတ်တော်နှစ်ဆက်စလုံးမှာ မရှိခဲ့ဘူး...
ပြည်သူအကျိုးထိခိုက်စေတဲ့ ဥပဒေမျိုးကိုတပ်မတော်ကြောင့် မပြဌာန်းလိုက်ရပါဘူးဆိုတဲ့ ဖြစ်ရပ်မျိုးဒီလွှတ်တော်
နှစ်ဆက်စလုံးမှာ မရှိခဲ့ဘူး...
ဘတ်ဂျက်အဖြတ်ခံရချိန်မှာတောင်ပြည်သူတွေအတွက် တပ်မတော်ရဲ့ တနေ့လုပ်အားခတွေလှူခဲ့တယ်...
ကိုဗစ်ဖြစ်နေချိန်မှာတောင် တန်ဖိုးသင့်ထမင်းဟင်းတွေရောင်းပေးခဲ့တယ် ..
နေရာစုံအလွှာအသီးသီးကပြည်သူတွေကို ဆန်၊ဆီ၊စားတွေ ဝေခဲ့တယ်...
ဆရာဝန်တွေ မရှိတော့လို့ ကုသဖို့အခက်အခဲဖြစ်နေတဲ့ တာချီလိတ်က ပြည်သူ့ဆေးရုံကို စစ်ဘက်ဆရာဝန်တွေ
စေလွှတ်ခဲ့တယ်...
၈ လတာ ကျော်လွန်ခဲ့တဲ့ ကိုဗစ်ဖြစ်တဲ့ကာလမှာ
တပ်မတော်ကြောင့် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး
ဖြစ်စေခဲ့တာတွေမရှိဘူး...
နောင်လည်း ရှိလာဦးမှာ မဟုတ်ဘူး...

Post a Comment

Previous Post Next Post