ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

Views

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ ကို AA အဖွဲ့က ယနေ့ (ဇူလိုင် ၁၇ ရက်) နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။


ဖမ်းဆီးခံရသည့် ပုဏ္ဏားကျွန်းမြိုနယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ(၅၅ နှစ်)မှာ ဘူးသီးတောင်ဇာတိဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့တွင် တာဝန်ကျသည်မှာ လပိုင်းခန့်သာရှိသေးသည်ဟုဆိုသည်။


၎င်းကို ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ကျောက်တော်မှ မဟာမုနိဘုရားဖူးပြီးပြန်လာစဉ် လမ်းခုလတ်၌ AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

#KT



Post a Comment

Previous Post Next Post