AA နဲ့ ARSA ပေါင်းပြီး ခင်းတဲ့အကွက်

Views

မနေ့က AA အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ နယ်ခြားစောင့်ရဲတွေဆိုတာ ၂၀၁၆/၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ဘာသာခြားတွေရဲ့ အကြမ်းဖက်ရန်ကနေ ကာကွယ်ပေးခဲ့တဲ့ နယ်ခြားစောင့်ရဲတွေပါပဲ...

နယ်ခြားစောင့်ရဲတွေကို AA က ARSA အကြမ်းဖက်တွေနဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တာက KNLA တပ်မဟာ(၅) ဘက်မှာ သူတို့စခန်းကို တပ်မတော်က ဗုံးကြဲလို့  လက်တုန့်ပြန်တာလို ပြောနေပေမယ့် တကယ်တမ်းကျတော့ AA ဟာ NUG နဲ့ OIC ဆီက အထောက်အပံ့တွေ ရယူထားတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်...

သူတို့ တိုက်ခိုက်ခဲ့တဲ့ မောင်တောမြောက်ပိုင်းဟာ ARSA အဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်သလို အဲဒီမှာ နေထိုင်တဲ့ တိုင်းရင်းသားကျေးရွာတွေဟာလည်း AA ရဲ့ အခုလိုလုပ်ရပ်ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးနေရတဲ့အတွက် တစ်ချိန်ချိန်မှာ ဘာသာခြားရွာတွေ အများကြီး မြင်နေရဦးမှာ အသေအချာပါပဲ...

AA က ရခိုင်ပြည်နယ်အတွက် အလုပ်လုပ်နေတယ်လို့သာ လူကြားကောင်းအောင် ခဏခဏပြောနေတာ...စစ်ပွဲရှောင် ရခိုင်တိုင်းရင်းသားတွေအတွက် ဘာတစ်ခုမှ ထောက်ပံ့ပေးတာမရှိပေမဲ့ မဆိုင်တဲ့ ဘာသာခြားတွေကိုတော့ ပစ္စည်းလှူရတာနဲ့...ဆေးကုသပေးရတာနဲ့....အလုပ်တွေ အရမ်းလုပ်ပြနေတယ်...ဒီတော့ ထွန်းမြတ်နိုင်တို့ ပြောပြောနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအတွက်ဆိုတာ ယုံရခက်ခက်ပါပဲ... 💀

Crd

#KT



Post a Comment

Previous Post Next Post