13th ADMM-Plus EWG-CT Meeting(Moscow)

Views

(Unicode)

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဦးဆောင်၍ (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက် ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်းအဝေး (13th ADMM-Plus Experts’ Working Group on Counter-Terrorism Meeting EWG on CT Meeting) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်ပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဌများဖြစ်ကြသော မြန်မာ့တပ်မတော်မှ အရာရှိကြီးများ၊ ရုရှားတပ်မတော်မှ အရာရှိကြီးများနှင့်အတူ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသော တရုတ်နိုင်ငံတို့နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များပါဝင်တက် ရောက်ကြသည်။

အစည်းအဝေးတွင် ပူးတွဲဉက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုရှားနိုင်ငံ General Staff of the Armed Forces ရုံးမှ ကိုယ်စားလှယ်တစ်ဦးက နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာပုံနှင့် ရှင်သန်ကြီးထွားလာပုံ၊ ထိုအဖွဲ့အစည်းများကို နှိမ်နင်းရာတွင် ချဉ်းကပ်လေ့လာသည့် နည်းလမ်းများဖြင့် ရုရှားနိုင်ငံက ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အဖွဲ့ဝင်နိုင်ငံများက “အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအပြီးတွင် လူသားချင်းစာနာထောက်ထားမှုအရ နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ” “The Role of Armed Forces in Post-Conflict and Humanitarian Settlement in Anti-terrorist Operations” ခေါင်းစဉ်ဖြင့် နိုင်ငံအလိုက် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပူးတွဲဉက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှကိုယ်စားလှယ်များက ADMM- Plus EWG on CT ၏ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများက စာတမ်းများနှင့် ADMM-Plus EWG on CT ၏ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအပေါ် ၎င်းတို့၏အမြင်များ၊ အကြံပြုချက်များအား ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၁၈ ခုနှစ်) အရ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် လူသားချင်းစာနာထောက်ထားမှု အရ နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်၏အခန်းကဏ္ဍနှင့် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသော NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ဆုံးရှံးမှု ကြုံတွေ့နေရသော ပြည်သူများအား တပ်မတော်သားများက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်အခြေအနေမျိုးတွင်မဆို အကြမ်းဖက်မှုနှင့် ပတ်သက်၍လက်မခံနိုင်ကြောင်း၊ နိုင်ငံတိုင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အား တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်နေရုံဖြင့် ပြီးမြောက် နိုင်မည်မဟုတ်သောကြောင့် နိုင်ငံများပေါင်းစုပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယခုကဲ့သို့လုပ်ဆောင် နေမှုသည် မည်သည့်နိုင်ငံရေး အကျိုးအမြတ်ကိုမှ မျှော်မှန်းပြီး လုပ်ဆောင်နေခြင်းမဟုတ်ဘဲ လူသားအားလုံး၏ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆွေးနွေးဖက် နိုင်ငံများနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ASEAN Defence Minister’s Meeting-Plus (ADMM-Plus) လုပ်ငန်းစဉ်အောက်တွင် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့ (ADMM-Plus on CT ) ၏ ပူးတွဲဉက္ကဋ္ဌများအဖြစ် ၂၀၂၁ ခုနှစ် မှ ၂၀၂၃ အထိ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

#KT

====
(Zawgyi)
႐ုရွားနိုင္ငံႏွင့္ ျမန္မာနိုင္ငံတို႔ဦးေဆာင္၍ (၁၃)ႀကိမ္ေျမာက္ အာဆီယံအေပါင္း အၾကမ္းဖက္မႈတန္ျပန္တိုက္ ဖ်က္ေရးဆိုင္ရာ ကၽြမ္းက်င္လုပ္ငန္းအဖြဲ႕အစည္းအေဝး (13th ADMM-Plus Experts’ Working Group on Counter-Terrorism Meeting EWG on CT Meeting) ကို ၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္ႏွင့္ ၂၁ ရက္တို႔တြင္ ႐ုရွားနိုင္ငံက အိမ္ရွင္အျဖစ္ေဆာင္ရြက္ၿပီး ႐ုရွားနိုင္ငံ၊ ေမာ္စကိုၿမိဳ႕တြင္ က်င္းပခဲ့သည္။
အစည္းအေဝးသို႔ ADMM-Plus EWG-CT ပူးတြဲဥကၠဌမ်ားျဖစ္ၾကေသာ ျမန္မာ့တပ္မေတာ္မွ အရာရွိႀကီးတစ္ဦး၊ ႐ုရွားတပ္မေတာ္မွ အရာရွိႀကီးတစ္ဦးတို႔ႏွင့္အတူ အာဆီယံနိုင္ငံမ်ားႏွင့္ ေဆြးေႏြးဖက္နိုင္ငံမ်ား ျဖစ္ၾကေသာ တ႐ုတ္နိုင္ငံတို႔ႏွင့္အတူ အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးမွ ကိုယ္စားလွယ္အဖြဲ႕မ်ားပါဝင္တက္ ေရာက္ၾကသည္။
အစည္းအေဝးတြင္ ပူးတြဲဉကၠ႒မ်ားျဖစ္ၾကေသာ ျမန္မာနိုင္ငံႏွင့္ ႐ုရွားနိုင္ငံတို႔က အဖြင့္အမွာစကား ေျပာၾကားၿပီးေနာက္ ႐ုရွားနိုင္ငံ General Staff of the Armed Forces ႐ုံးမွ ကိုယ္စားလွယ္တစ္ဦးက နိုင္ငံတကာအၾကမ္းဖက္အဖြဲ႕အစည္းမ်ား ေပၚေပါက္လာပုံႏွင့္ ရွင္သန္ႀကီးထြားလာပုံ၊ ထိုအဖြဲ႕အစည္းမ်ားကို ႏွိမ္နင္းရာတြင္ ခ်ဥ္းကပ္ေလ့လာသည့္ နည္းလမ္းမ်ားျဖင့္ ႐ုရွားနိုင္ငံက ေဆြးေႏြးတင္ျပသည္။
ဆက္လက္၍ အဖြဲ႕ဝင္နိုင္ငံမ်ားက “အၾကမ္းဖက္မႈတိုက္ဖ်က္ေရး စစ္ဆင္ေရးမ်ားအၿပီးတြင္ လူသားခ်င္းစာနာေထာက္ထားမႈအရ ေနရာခ်ထားေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ တပ္မေတာ္၏ အခန္းက႑” “The Role of Armed Forces in Post-Conflict and Humanitarian Settlement in Anti-terrorist Operations” ေခါင္းစဥ္ျဖင့္ နိုင္ငံအလိုက္ အေတြ႕အၾကဳံမ်ားကို ေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ ပူးတြဲဉကၠ႒မ်ားျဖစ္ၾကေသာ ျမန္မာနိုင္ငံႏွင့္ ႐ုရွားနိုင္ငံတို႔မွကိုယ္စားလွယ္မ်ားက ADMM- Plus EWG on CT ၏ ဆက္လက္ေဆာင္ရြက္မည့္အစီအမံမ်ားကို ရွင္းလင္းေဆြးေႏြးေျပာၾကားခဲ့ၿပီး အစည္းအေဝးတက္ေရာက္လာသည့္ အာဆီယံ ၁၀ နိုင္ငံႏွင့္ ေဆြးေႏြးဖက္နိုင္ငံမ်ားက စာတမ္းမ်ားႏွင့္ ADMM-Plus EWG on CT ၏ ဆက္လက္ေဆာင္ရြက္မည့္ အစီအမံမ်ားအေပၚ ၎တို႔၏အျမင္မ်ား၊ အႀကံျပဳခ်က္မ်ားအား ေဆြးေႏြးျခင္းမ်ား ျပဳလုပ္ခဲ့ၾကပါသည္။
အစည္းအေဝးတြင္ ျမန္မာနိုင္ငံကိုယ္စားလွယ္အဖြဲ႕အေနျဖင့္ ေဆြးေႏြးရာတြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀၁၈ ခုႏွစ္) အရ ျမန္မာနိုင္ငံတြင္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားအၿပီးတြင္ လူသားခ်င္းစာနာေထာက္ထားမႈ အရ ေနရာခ်ထားေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ တပ္မေတာ္၏အခန္းက႑ႏွင့္ အၾကမ္းဖက္အဖြဲ႕အစည္း အျဖစ္ သတ္မွတ္ထားေသာ NUG ႏွင့္ PDF အဖြဲ႕မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ထိခိုက္ဆုံးရွံးမႈ ၾကဳံေတြ႕ေနရေသာ ျပည္သူမ်ားအား တပ္မေတာ္သားမ်ားက ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ေဆာင္ရြက္ေပးေနမႈမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၿပီး မည္သည့္နိုင္ငံေရးစနစ္ကို က်င့္သုံးသည္ျဖစ္ေစ၊ မည္သည့္အေျခအေနမ်ိဳးတြင္မဆို အၾကမ္းဖက္မႈႏွင့္ ပတ္သက္၍လက္မခံနိုင္ေၾကာင္း၊ နိုင္ငံတိုင္းတြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးလုပ္ငန္းစဥ္အား တစ္ဦးတစ္ေယာက္တည္း လုပ္ေဆာင္ေန႐ုံျဖင့္ ၿပီးေျမာက္ နိုင္မည္မဟုတ္ေသာေၾကာင့္ နိုင္ငံမ်ားေပါင္းစုၿပီး လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ယခုကဲ့သို႔လုပ္ေဆာင္ ေနမႈသည္ မည္သည့္နိုင္ငံေရး အက်ိဳးအျမတ္ကိုမွ ေမၽွာ္မွန္းၿပီး လုပ္ေဆာင္ေနျခင္းမဟုတ္ဘဲ လူသားအားလုံး၏ ဘဝလုံျခဳံေရးအတြက္ ေဆာင္ရြက္ေနရျခင္းျဖစ္ေၾကာင္း အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရးလုပ္ငန္းမ်ားအား ပူးေပါင္းေဆာင္ရြက္ၾကရန္ တိုက္တြန္းေျပာၾကားလိုေၾကာင္း မိမိတို႔အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္ ေဆြးေႏြးဖက္ နိုင္ငံမ်ားႏွင့္အတူ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး လုပ္ငန္းစဥ္မ်ားကို ေအာင္ျမင္ေအာင္ ဆက္လက္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း ေဆြးေႏြးခဲ့ပါသည္။
ျမန္မာနိုင္ငံႏွင့္ ႐ုရွားနိုင္ငံတို႔သည္ ASEAN Defence Minister’s Meeting-Plus (ADMM-Plus) လုပ္ငန္းစဥ္ေအာက္တြင္ အာဆီယံအေပါင္း အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရးဆိုင္ရာကၽြမ္းက်င္လုပ္ငန္းအဖြဲ႕ (ADMM-Plus on CT ) ၏ ပူးတြဲဉကၠ႒မ်ားအျဖစ္ ၂၀၂၁ ခုႏွစ္ မွ ၂၀၂၃ အထိ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
#KT

Post a Comment

Previous Post Next Post