မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ

Views


နေပြည်တော်၊ မတ်  ၈


မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှုးရုံးမှ ဗိုလ်မှူးချုပ် ရဲရင့်အောင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာသည်။


အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့အား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှုးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တပ်မတော် အရာရှိကြီးများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည်  ယနေ့ ဒေသစံတော်ချိန် ၉ နာရီ ၁၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်လေဆိပ် (Wing-6) သို့ ရောက်ရှိခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo၊ နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့တွင် အဖွဲ့ဝင်(၅၁)ဦး ပါဝင် ပြီး မတ် ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ကဇာတ်ရုံ၌ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုသွားရောက်သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ သည် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား တတိယအကြိမ်မြောက် ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ခြင်းဆောင်ရွက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်းသတင်းရရှိ သည်။

Post a Comment

Previous Post Next Post