ပုလဲမြို့ မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

Views




ပုလဲမြို့ မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး 

 နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ ပုလဲမြို့မရဲစခန်းအား PDF အမည်ခံအကြမ်း ဖက်သမားများက ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်း၏ အရှေ့ဘက် လယ်ကွင်းများအတွင်းမှနေ၍ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများသည် ရဲစခန်း၏ အနောက်ဘက် မြကုန်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများသည် ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြလေး(၆၃)နှစ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဦးမြလေး နေအိမ်နှင့် ပတ်ဝန်း ကျင်နေအိမ်များ မီးကူးစက်လောင်ကျွမ်းလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြိှမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဦးမြလေး နေအိမ်ပါ အပြစ်မဲ့ ပြည်သူနေအိမ် ၁၀ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ရဲတပ်ဖွဲ့စခန်းများအား တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများတို့၏ နေအိမ် များအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post